ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု၊ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု နဲ့ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

စပွန်ဆာအမည်အရ EA Sports Player of the Season လို့အမည်ရတဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းကို (၈)ဦး၊ Barclays Manager of the Season လို့အမည်ရတဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းကို (၅)ဦး၊ TAG Heuer Young Player of the Season လို့အမည်ရတဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းကို (၈)ဦး ထုတ်ပြန်ခဲ့တာပါ။

အကောင်းဆုံးဆုတွေအတွက် EA SPORTS ဝက်ဘ်ဆိုက်ကနေ ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုကို မေ(၁၉)ရက်နေ့လည်(၁၂း၀၀)နာရီအထိ လက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပရိသတ်တွေရဲ့မဲပေးမှုနဲ့ ပရီးမီးယားလိဂ်ဆုရွေးချယ်ရေးအဖွဲ့တို့ရဲ့မဲပေးမှုတွေကို ပူးပေါင်းပြီး အကောင်းဆုံးဆုရရှိသူတွေကို ရွေးချယ်ကာ လာမယ်​့အပတ်အတွင်း ဆုရရှိသူကို ကြေညာသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို မန်စီးတီးတောင်ပံကစားသမား ဖီးလ်ဖိုဒန်က ပထမဆုံးအကြိမ်အဖြစ်ဆွတ်ခူးရရှိခဲ့ပြီး ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက (၅)ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ချယ်လ်ဆီးတောင်ပံကစားသမားကိုးလ်ပါမားက ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၈)ဦးစာရင်း

■ ဆာလာ(လီဗာပူးလ်)
■ ဗန်ဒိုက်(လီဗာပူးလ်)
■ ဂရာဗန်ဘတ်ချ်(လီဗာပူးလ်)
■ အမ်ဘူမို(ဘရန့်ဖို့ဒ်)
■ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)
■ မော်ဒန်ဂစ်ဘ်၀ှိုက်(နော်တင်ဂမ်ဖောရက်စ်)
■ ခရစ္စ၀ုဒ်(နော်တင်ဂမ်ဖောရက်စ်)
■ အစ်ဆက်ခ်(နယူးကာဆယ်)

ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်း

■ အာနီဆလော့(လီဗာပူးလ်)
■ အက်ဒီဟောင်း(နယူးကာဆယ်)
■ သောမတ်စ်ဖရန့်ခ်(ဘရန့်ဖို့ဒ်)
■ ဗစ်တော်ပါရဲရား(၀ုလ်ဗ်စ်)
■ နူနိုဆန်တို(နော်တင်ဂမ်ဖောရက်စ်)

ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်း

■ ဒီလပ်(အစ်ဝစ်ချ်)
■ အီလန်ဂါ(နော်တင်ဂမ်ဖောရက်စ်)
■ ဂရာဗန်ဘတ်ချ်(လီဗာပူးလ်)
■ ဟွိုင်ဆန်(ဘုန်းမောက်)
■ ကိုးလ်ပါမား(ချယ်လ်ဆီး)
■ ဂျော်အိုပက်ဒရို(ဘရိုက်တန်)
■ မော်ဂန်ရော်ဂျာစ်(ဗီလာ)
■ ဆာလီဘာ(အာဆင်နယ်)

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ရီးရဲလ်မက်

ခေါက်လို့ရတဲ့ Laptop Display နဲ့ Huawei ဟာ Windows နဲ့ MacOS ကို စိန်ခေါ်တော့မယ်

ခေါက်လို့ရတဲ့ Laptop Display နဲ့ Huawei ဟာ Windows နဲ့ MacOS ကို စိန်ခေါ်တော့မယ်

မနေ့ကပဲ Huawei ကနေ Weibo မှာ Teaser ဓါတ်ပုံတစ်ပုံတစ်ခု ဖော်ပြလာပါတယ်။ လာမယ့် မေလ 19 ရက်မှာ Huawei Nova 14 Series အသစ်နဲ့အတူ HarmonyOS 5 စနစ်ကို အခြေခံထားတဲ့ laptop အသစ်တစ်လုံးကိုပါ မိတ်ဆက်

ဆန်ဂျို့စ်အသင်းနဲ့ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ အပြင်းအထန်ငြင်းခုံမှုဖြစ်

ဆန်ဂျို့စ်အသင်းနဲ့ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ အပြင်းအထန်ငြင်းခုံမှုဖြစ်

ဆန်ဂျို့စ်နဲ့ အင်တာမိုင်ယာမီအသင်း(၃-၃)ဂိုးစီ သရေကျခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်အပြီးမှာ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်

ကိုယ်ဝန်အတုနဲ့ မိမိဆီက ငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ ဆွန်ဟောင်မင်တိုင်ကြား

ကိုယ်ဝန်အတုနဲ့ မိမိဆီက ငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ ဆွန်ဟောင်မင်တိုင်ကြား

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ကိုယ်ဝန်အတုနဲ့ သူ့ဆီကနေ ငွေညှစ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ တိုင်ကြားမှုပြုလုပ်ခဲ