ဒီရာသီကုန်မှာ အသင်းခေါင်းဆောင် ဂျေမီဗာဒီ အသင်းနဲ့လမ်းခွဲတော့မယ်လို့ လက်စတာအသင်းကြေညာ

ဒီရာသီကုန်မှာ အသင်းခေါင်းဆောင် ဂျေမီဗာဒီ အသင်းနဲ့လမ်းခွဲတော့မယ်လို့ လက်စတာအသင်းကြေညာ

လက်စတာအသင်းခေါင်းဆောင် ဂျေမီဗာဒီဟာ ဒီရာသီကုန်မှာ အသင်းက လမ်းခွဲထွက်ခွာတော့မယ်လို့ လက်စတာအသင်းက ကြေညာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ဖလီးဝုဒ်တောင်းအသင်းက ရောက်ရှိလာခဲ့တဲ့ ဂျေမီဗာဒီဟာ လက်စတာအသင်းအတွက် ပွဲပေါင်း(၄၉၅)ပွဲပါဝင်ကစားထားပြီး (၁၉၈)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ FA ဖလားချန်ပီယံဆု(၁)ကြိမ်စီရယူနိုင်ခဲ့တာပါ။

အသက်(၃၈)နှစ်အရွယ်ရှိ ဂျေမီဗာဒီနဲ့ လက်စတာအသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးပြီဖြစ်သလို အသင်းကလည်း ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဂျေမီဗာဒီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေအများအပြားထွက်ပေါခဲ့ပြီး အခုအချိန်မှာ လက်စတာအသင်းက သူထွက်ခွာမယ့်အကြောင်းကို ကြေညာခဲ့သလို၊ ကာယကံရှင်ဂျေမီဗာဒီကလည်း လက်စတာအသင်းဟာ သူ့နှလုံးသားတစ်နေရာမှာ အမြဲရှိနေမယ်လို့ ပြောပြီး အသင်းနဲ့သူ လမ်းခွဲတော့မယ့်အကြောင်းကို အတည်ပြုခဲ့ပါတယ်။

ဂျေမီဗာဒီက "လက်စတာအသင်းနဲ့ လမ်းခွဲမယ့်အကြောင်း ကြေညာရမယ့် ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်ဟာ ဒီကလပ်မှာ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ (၁၃)နှစ်ကြာအချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေရှိခဲ့ပေမယ့် အများစုက အမြင့်ဆုံးမှာရှိပါတယ်။ ထွက်ခွာရမှာက ကြေကွဲစရာဖြစ်ပေမယ့် မှန်ကန်တဲ့အချိန်လို့ထင်ပါတယ်"လို့ လက်စတာအသင်းရဲ့ ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ဗီဒီယိုမှာဆိုခဲ့ပါတယ်။

ဂျေမီဗာဒီဟာ ဒီရာသီမှာ လက်စတာအသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲပါဝင်ကစားထားပြီး (၈)ဂိုးသွင်းယူထားတာပါ။ ဂျေမီဗာဒီဟာ လက်စတာအသင်း ပရီးမီးယားလိဂ်ကတန်းဆင်းပြီးနောက် အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဂျေမီဗာဒီဟာ လက်စတာအသင်းက ထွက်ခွာမှာဖြစ်ပေမယ့် ကစားသမားဘဝက အနားယူဖို့ အစီအစဉ်မရှိသေးဘဲ မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ချိတ်ဆက်မှုတွေကို ရရှိနေပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ