မနေ့က ဒိန်းမတ်(၁-၀)ပေါ်တူဂီ UEFA Nations League ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဟွိုင်လန်းဟာ ဒိန်းမတ်အသင်းအတွက်အနိုင်ဂိုးသွင်းယူပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ရှေ့မှာ သူ့ရဲ့နာမည်ကျော်အောင်ပွဲခံဟန် 'Siu' အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
ဒီပွဲရဲ့ပွဲချိန်(၆၉)မိနစ်မှာ လူစားလဲဝင်ရောက်လာခဲ့တဲ့ ဟွိုင်လန်းဟာ ပွဲချိန်(၇၈)မိနစ်မှာ အိုလ်ဆန်ရဲ့ဖန်တီးပေးမှုကနေ ဒိန်းမတ်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာပါ။

ဟွိုင်လန်းဟာ ဂိုးသွင်းအပြီးမှာ ကော်နာအလံထောင့်ဆီပြေးကာ စီရော်နယ်ဒိုရဲ့'Siu' အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ကွင်းလယ်စက်ဝိုင်းကနေ ဟွိုင်လန်းရဲ့အောင်ပွဲခံမှုကို ကြည့်နေခဲ့တာပါ။ ဟွိုင်လန်းဟာ ပွဲအပြီးအင်တာဗျူးမှာ ဒီလိုအောင်ပွဲခံမှုက စီရော်နယ်ဒိုကို လှောင်ပြောင်ခဲ့တာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟွိုင်လန်းက စီရော်နယ်ဒိုဟာ သူ့ရဲ့ idol ဖြစ်ပြီး သူနဲ့သူ့ရဲ့ကစားသမားဘဝအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေရှိခဲ့တယ်လို့ ဆိုခဲ့တာပါ။ ဟွိုင်လန်းဟာ ဒီရာသီမန်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူကာ (၂၁)ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
အခုအချိန်မှာ ဟွိုင်လန်းဟာ ဒိန်းမတ်အသင်းအတွက်ပါ သွင်းဂိုးရယူပြီး (၂)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာပါ။ ပေါ်တူဂီနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မတ်(၂၄)ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Discussion