တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်အရှေ့ပိုင်း၊ လင်ယီမြို့မှ အသက်တစ်နှစ်အရွယ် ဝမ်ရိပေါ် (Wang Yibo) အမည်ရှိ ကလေးငယ်သည် ၎င်း၏ စကိတ်စီးကျွမ်းကျင်မှုဖြင့် တရုတ်လူမှုကွန်ရက်တွင် ရေပန်းစားကျော်ကြားလျက်ရှိသည် ။ "ပေပေ" (Beibei) ဟု ချစ်စနိုးခေါ်ကြသည့် ၎င်းကလေးငယ်သည် အွန်လိုင်းတွင် လျင်မြန်စွာ နာမည်ကြီးလာခဲ့ခြင်းဖြစ်သည် ။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗီဒီယိုများတွင် ပေပေသည် အကာအကွယ်ဦးထုပ်၊ ဒူးကာ၊ တံတောင်ဆစ်ကာများ အပြည့်အစုံဝတ်ဆင်ထားပြီး ဒိုက်ဘာနှင့်အတူ စကိတ်ဘုတ်ပေါ်တွင် ကျွမ်းကျင်စွာ ရပ်နေသည်ကို တွေ့မြင်ရသည် ။ သူသည် အကူအညီမပါဘဲ အကွာအဝေးတိုများကို ကိုယ်တိုင်စီးနင်းနိုင်ပြီဖြစ်သည် ။

သူ၏မိဘများသည် စကိတ်စီးခြင်းကို ဝါသနာပါသူများဖြစ်ပြီး ပေပေအား အသက်ခြောက်လအရွယ်တွင် စကိတ်ဘုတ်နှင့် စတင်မိတ်ဆက်ပေးခဲ့သည် ။ သူ၏ဖခင်ဖြစ်သူ ဝမ်ရွှိုင်း (Wang Shuai) ၏ အဆိုအရ ကလေးတွင် ပင်ကိုပါရမီပါပြီး စိတ်ဝင်စားမှုပြသသောကြောင့် ၎င်း၏ဝါသနာကို အတင်းအကျပ်မပြုလုပ်ဘဲ ပျိုးထောင်ပေးလိုကြောင်း ပြောကြားခဲ့သည် ။ မိဘများသည် သူ၏လုံခြုံရေးကို အမြဲတမ်းသေချာစေပြီး လိုအပ်သည့် အကာအကွယ်ပစ္စည်းများကို အပြည့်အစုံ တပ်ဆင်ပေးထားသည် ။

ပေပေသည် တရုတ်နိုင်ငံ၏ TikTok ဟုလူသိများသော Douyin တွင် Follower ၂၀၀,၀၀၀ ကျော် ရရှိထားသည် ။ အင်တာနက်အသုံးပြုသူများက သူ့ကို "စကိတ်ဘုတ်စီးသည့် ပါရမီရှင်" နှင့် "အမိုက်ဆုံးကလေး" ဟု ချီးကျူးမှတ်ချက်ပေးကြပြီး သူ၏ဗီဒီယိုများက အပြုသဘောဆောင်သော တုံ့ပြန်မှုများစွာ ရရှိခဲ့သည် ။
Discussion