DJI ရဲ့ action camera အသစ်နှစ်မျိုးဖြစ်တဲ့ Osmo Nano နဲ့ Osmo Action Action 5 Pro မှာ Osmo Nano က ဂရမ် ၅၂ အလေးချိန်နဲ့ modular design၊ Action 5 Pro က ဂရမ် ၁၄၇ နဲ့ professional performance ကို ဦးစားပေးထားပါတယ်။
Design ကွာခြားချက်အနေနဲ့ Osmo Nano မှာ camera module နဲ့ Vision Dock ခွဲထားပြီး ၃၃ပေ အကွာက wireless အလုပ်လုပ်နိုင်ပါတယ်။ Magnetic mounting နဲ့ ၁၀ မီတာ ရေစိုခံပါတယ်။ Action 5 Pro က integrated design နဲ့ မီတာ ၂၀ ရေစိုခံ၊ dual OLED screen နှစ်ခုနဲ့ pressure gauge ပါဝင်ပါတယ်။
Video Performanceပိုင်းမှာတော့ နှစ်မျိုးစလုံး 1/1.3-inch sensor သုံးပေမယ့် Nano က 35MP photo၊ 4K/60fps recording ရှိပြီး Action 5 Pro က 40MP photo၊ 4K/120fps နဲ့ AI subject tracking ပါဝင်ပါတယ်။ Nano က 4K/50fps+ မှာ overheating ကြောင့် မိနစ် ၂၀ ပဲ ရိုက်နိုင်ပါတယ်။
Battery နဲ့ Storageမှာတော့ Nano - camera တစ်လုံးတည်းနဲ့ 1080p မှာ မိနစ် ၉၀၊ Vision Dock နဲ့ မိနစ် ၂၀၀။ Built-in 64/128GB storage သာရှိပြီး microSD ဆိုက်လို့မရပါ။ Action 5 Pro - 1080p မှာ နာရီ ၄ ရိုက်နိုင်ပြီး 47GB built-in + 1TB microSD support ရှိပါတယ်။
စျေးနှုန်းကတော့ Nano 64GB - £239/$299၊ 128GB - £259/$329။ Action 5 Pro - £329/$349 (Standard)၊ $449 (Adventure Combo)။ Action 5 Pro က ၄၂% စျေးကြီးပေမယ့် recording time ၃၄% ပိုရပါတယ်။
Osmo Nanoက stealth filming၊ POV documentation၊ budget ကန့်သတ်ချက်ရှိရင် သင့်တော်ပါတယ်။ Action 5 Pro ကတော့ extended recording၊ professional durability၊ underwater filming အတွက် ပိုကောင်းပါတယ်။
Creative team တွေအတွက် Action 5 Pro ကို main camera၊ Osmo Nano ကို supplementary angle အတွက် တွဲသုံးတာ အကောင်းဆုံးပါ။
Discussion