ဒဏ်ရာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့FA ဖလားအောင်ပွဲခံအခမ်းအနားကို ဝါတန်လွဲချော်ခဲ့

ဒဏ်ရာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့FA ဖလားအောင်ပွဲခံအခမ်းအနားကို ဝါတန်လွဲချော်ခဲ့

ခရစ္စတယ်ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲအပြီး ဆုဖလားအောင်ပွဲခံအခမ်းအနားကို ကွင်းလယ်လူဝါတန်ဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ လွဲချော်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီက ဘလက်ဘန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဝါတန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်း FA ဖလားချန်ပီယံဆုရယူနိုင်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့သူတစ်ဦးပါ။

ဝါတန်ဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အပြည့်အဝပါဝင်ခဲ့ပြီးနောက် ကြံ့ခိုင်မှုပြည့်ဝနေခဲ့တဲ့အတွက် FA ဖလားဗိုလ်လုပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဝါတန်ဟာ ဒီပွဲမှာ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားရဲ့အားပါတဲ့ကန်ချက်ဟာ သူ့ရဲ့ဦးခေါင်းနဲ့ ထိမိခဲ့ပြီး ကွင်းအတွင်းမှာ ကုသမှုခံယူခဲ့ရတာပါ။ ဒါ့အပြင် ဝါတန်ဟာ ပွဲပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ပွဲချိန်(၈၇)မိနစ်မှာ ဟုချ်စ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

အင်္ဂလန်ကွင်းလယ်လူ ဝါတန်ဟာ သူ့ရဲ့ဦးခေါင်းထိခိုက်မှုအခြေအနေတွေကို စစ်ဆေးမှုတွေပြုလုပ်နေခဲ့တဲ့အတွက် ပွဲအပြီးမှာ အသင်းဖော်တွေနဲ့အတူ FA ဖလားဆုဖလားအောင်ပွဲခံအခမ်းအနားကို ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။ ဝါတန်ဟာ သူ့ရဲ့Instagram မှာ ဆေးရုံကုတင်ပေါ်လဲလျောင်းနေတဲ့ပုံနဲ့အတူ "ကျွန်တော်တို့ FA ဖလားကို ရယူနိုင်ခဲ့တဲ့ပုံပါပဲ"လို့ ရေးသားပြီး ပို့စ်တင်ထားခဲ့ပါတယ်။

ဝါတန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောက်ရှိလာပြီးကတည်းက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် မန်စီးတီးအသင်းအပါအဝင် ဥရောပထိပ်သီးကလပ်တွေရဲ့ပစ်မှတ်အဖြစ်ရှိနေတာပါ။ ခရစ၁စတယ်ပဲလေ့စ်အသင်းဟာ လာမယ့်ရာသီယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဝါတန်ကို အသင်းမှာဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ