Donald Trump ရဲ့ အထူးအမိန့်ကြောင့် ဒေါ်လာသန်း 850 ရင်းနှီးမြုပ်နှံမှုရခဲ့တဲ့ လေကြောင်းတက်စီကုမ္ပဏီ

Donald Trump ရဲ့ အထူးအမိန့်ကြောင့် ဒေါ်လာသန်း 850 ရင်းနှီးမြုပ်နှံမှုရခဲ့တဲ့ လေကြောင်းတက်စီကုမ္ပဏီ

အနာဂါတ်မှာ မြို့ကြီးပြကြီးအတွင်းမှာတင် လေယာဉ်တွေကို တက်စီအနေနဲ့ စီးခွင့်ရမယ်ဆိုတာ စိတ်လှုပ်ရှားစရာမလား? Archer Aviation ကတော့ ဒီအိပ်မက်ကို လက်တွေ့ဖြစ်လာအောင် အခုတင် $850 သန်း အထောက်အပံ့ကြီး ရရှိသွားပါပြီ။ 

ဒီအခွင့်အလမ်းမှာ သမ္မတ Donald Trump ရဲ့ အထူးအမိန့်တွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။ Trump ရဲ့ အထူးအမိန့်တွေထဲမှာ Air Taxi နည်းပညာတွေကို မြှင့်တင်ဖို့အပြင် အန္တရာယ်ရှိတဲ့ Drone တွေကို တိုက်ဖျက်ဖို့နဲ့ စူပါအမြန်ဆုံးလေကြောင်းယာဉ်တွေကို ထုတ်လုပ်ဖို့အတွက်လည်း အပါအဝင်ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာတော့ Trump ရဲ့ အထူးအမိန့်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အသုံးပြုလိုတဲ့ အချက်တွေလည်း ပါဝင်မယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ 

Archer Aviation အနေနဲ့ နယူးယောက်မြို့မှာ United Airlines နဲ့ပူးပေါင်းပြီး Air Taxi ဝန်ဆောင်မှုစတင်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာကတည်းက ရင်းနှီးမြုပ်နှံသူများအဖွဲ့ကနေ ရန်ပုံငွေ ဒေါ်လာသန်း 300 ရခဲ့ပြီးသားပါ။ ဒါတင်မကသေးဘဲ လာမယ့် 5 နှစ်အတွင်း 2028 လော့စ်အိန်ဂျယ်လိစ် အိုလံပစ်ပွဲမှာ Air Taxi အဖြစ် တရားဝင်ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီအဖြစ်လည်း ရွေးချယ်ခံထားရပါသေးတယ်။ 

ဆိုတော့ လာမယ့်နှစ်တွေအတွင်းမှာတင် ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှာ လေယာဉ်တက်စီတွေကို ဖောဖောသီသီမြင်တွေ့နိုင်တော့မှာပါ။ ဟိုနားဒီနား Air Taxi နဲ့သွားပေါ့ ...

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ