PS5 မှာ Dualshock 4 အလုပ်လုပ်ပုံဟာ အဆင်မပြေပါဘူး လို့ Albert Penello က တိုက်ရိုက်ဝေဖန်

PS5 မှာ Dualshock 4 အလုပ်လုပ်ပုံဟာ အဆင်မပြေပါဘူး လို့ Albert Penello က တိုက်ရိုက်ဝေဖန်

PS5 Dualshock Controller ရဲ့အလုပ်လုပ်ပုံဟာ လုံးဝအဆင်မပြေတဲ့အကြောင်းနဲ့ ပိုက်ဆံရဖို့လောက်ပဲကြည့်နေတယ်လို့ ယခင် Xbox ရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Albert Penello က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီသတင်းကို Albert Penelloဟာ သူ့ရဲ့ Twitter အကောင့်ကနေ တိုက်ရိုက်ပြောကြားချက်အရ သိရှိရတာဖြစ်ပါတယ်။ သူဟာ DualShock 4 Contoller တွေက PS5 မှာအလုပ်လုပ်မယ်ဆိုပေမယ့် PS4 ဂိမ်းတွေကို Backward Compatibility နဲ့ဆော့တဲ့အခါမှာပဲအသုံးပြုလို့ရမယ်ဆိုတာကို အဆင်မပြေဘူးလို့ တိုက်ရိုက်ဝေဖန်ထားတာပဲဖြစ်ပါတယ်။

Penello ဟာ “နည်းပညာအရဆိုရင် အလုပ်ကိုလုပ်ရမှာ” လို့ဝေဖန်ထားပါတယ်။ တခြား Accessories တွေဖြစ်တဲ့ Fight sticks နဲ့ PSVR တို့ကတော့ အလုပ်လုပ်တာကို ကြိုက်နှစ်သက်ပါတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း DualSense Features တွေကိုစဥ်းစားကြည့်မယ်ဆို DS4 Controller ဟာ PS5 ဂိမ်းတွေနဲ့ အလုပ်မလုပ်စရာဘာအကြောင်းမှမရှိဘူးလို့ ဆိုထားပါတယ်။

DualShock 4 နဲ့ DualSense မှာ ကွာခြားချက်အများကြီးမရှိပါဘူး လို့လည်းသူကဆိုထားပါသေးတယ်။ Built-In Mic ပါတာကလည်း DS4 မှာ Headphone တပ်ပြီးအသုံးပြုလို့ရတာကြောင့် DualSense နဲ့ကွာြခားချက်က PS5 ဂိမ်းတွေအတွက် ဘာမှထိခိုက်မသွားဘူးလို့လည်း ဝေဖန်ထားပါသေးတယ်။

Penello အနေနဲ့ တကယ်လို့ DualSense ကိုပဲနောက်ပိုင်းမှာအသုံးပြုသွားစေချင်တယ်ဆိုရင်တော့ “DS4 တွေကိုရောင်းတာကို ရပ်လိုက်တော့၊ DualSense ကိုပဲ Cross-gen Controller အနေနဲ့ရောင်းလိုက်လေ” ဆိုပြီးပြောကြားထားပါသေးတယ်။ လက်ရှိပုံစံအရ DualSense Controller တစ်ခုခုဖြစ်သွားခဲ့ရင် အစားထိုးဖို့အတွက်တောင် DS4 ကအသုံးပြုလို့မရဖြစ်နေပါတယ်။ “Sony ကသက်သက်ကြီး ပိုက်ဆံလိုချင်လို့ကို ဒီလိုလုပ်လိုက်တာဗျ” လို့လည်း Penello က ထပ်မံ ဝေဖန်ထားပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Sony ကတော့ PS5 အတွက် ဒီဗျုဟာအတိုင်းပဲ ဆက်သွားဖို့ရှိပါတယ်။ Xbox ကတော့ သူ့ရဲ့ Console အသစ် Xbox Series X မှာ လက်ရှိအသုံးပြုနေဆဲ Xbox One Controller တွေအသုံးပြုသွားနိုင်မယ်လို့လည်းသိရှိရပါတယ်။

Ref: Gamespot

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ