မြန်မာနိုင်ငံတွင်ယုံကြည်စိတ်ချစွာနှင့် လွယ်ကူသက်သာစွာ ကျန်းမာရေးဝန်ဆောင်မှုပေးနေသောနိုင်ငံတကာ အဆင့်မှီ ပုဂ္ဂလိက ဆေးခန်းတစ်ခုဖြစ်သည့် easy health ဆေးခန်းသည် တစ်ရက်လျှင် ၆၆ ကျပ်သာ ကျသင့်သည့် ဆေးခန်းကြိုက်သလောက်ပြနိုင်မည့် Subscription package နှစ်မျိုးကို မိတ်ဆက်ခဲ့ပါသည်။ ထို့အပြင် တောင်ဥက္ကလာရှိ ELOTUS International Diagnosis Laboratory သည်easy health ၏စီမံခံ့ခွဲမှုအောက်ရောက်သွားပြီး easy health ဆေးခန်းများတွင် အလွယ်တကူကျန်းမာရေးစစ်ဆေးမှုများလုပ်နိုင်တော့မည်ဖြစ်သည်။

အဓိက အားဖြင့်တစ်ရက်အနည်းဆုံး (၆၆) ကျပ်တည်းနဲ့ အထွေထွေရောဂါကု ဆရာဝန် (GP) များနဲ့ အကန့်အသတ်မရှိ ကြိုက်သလောက်ပြနိုင်သည့် GP Package နဲ့ တစ်ရက်အနည်းဆုံး ၂၀၀ ကျပ်တည်းနဲ့ အထူးကုဆရာဝန်ကြီးများနဲ့ အကန့်အသတ်မရှိ ကြိုက်သလောက်ပြနိုင်သည့် Special Package ဆိုပြီး ၂ မျိုးရှိပါသည်။ ပြသနိုင်မည့်ဆရာဝန်များမှာ အထွေထွေသမားတော်၊ ခွဲစိတ်အထူးကု၊ ကလေးအထူးကုဆရာဝန်များအပြင်အခြားအထူးကုများလည်းထပ်တိုးသွားဖို့ရှိပါသည်။ Suscription Package တွင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်းများအပြင် ဆေးခန်းသို့ လူကိုယ်တိုင်လာစရာမလိုဘဲ အိမ်မှ ဖုန်း (သို့) video ဖြင့် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်မည့် Tele-consultation တစ်လလေးကြိမ်၊ ဆေးဝယ်ခြင်းအတွက် ၅% discount စသည့် အခြားအကျိုးခံစားခွင့်များစွာကိုလည်း ရရှိမှာဖြစ်ပါသည်။

Package နှစ်မျိုးအား လူတစ်ဦးစာ Single package အနေနဲ့ ဝယ်ယူနိုင်သလို၊ မိသားစု အလိုက် Family Package လည်းဝယ်ယူနိုင်ပါသည်။ မိသားစုအလိုက် ဝယ်ယူမည်ဆိုပါက အများဆုံး ၄ဦးအထိအကျုံးဝင်ပြီး မိသားစုလိုက်ပြချင်သူများအတွက် Family Package ကိုရွေးချယ်ဝယ်ယူနိုင်ပါသည်။  Easy Health ဆေးခန်းများကိုလာရောက်ဝယ်ယူနိုင်သည့်အပြင် ဖုန်းဖြင့် ဆက်သွယ်ပြီးလည်းဝယ်ယူနိုင်ပါသည်။ မိမိဝယ်ယူမည့် Package ကိုရွေးချယ်ခြင်း၊ ငွေပေးချေခြင်းနှင့် သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များဖြည့်စွက်ပေးခြင်းတို့ပဲလိုအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက ၀၉ -၇၇၂၃၁၇၃၈၈, ၀၉ - ၇၇၂၃၁၇၈၃၃, ၀၉ -၇၇၂၃၁၇၆၈၈တို့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Easy Health ဆေးခန်းသည် အထွေထွေရောဂါ ဆရာဝန်များနှင့်ပြသနိုင်ခြင်း၊ အထူးကု ဆရာဝန်များနှင့်ပြသနိုင်ခြင်း၊ အထွေထွေဆေးဝါးမျိုးစုံရောင်းချပေးခြင်း၊ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း၊ ဆေးစစ်ပေးခြင်း၊ အိမ်တိုင်ရာရောက် ဆေးကုသခြင်းစသည့်ဝန်ဆောင်မှုများအပြင် "Elotus International Laboratoty and Diagontic Center" နှင့်ပူးပေါင်းလုပ်ကိုင်နေပြီဖြစ်သည့်အတွက် Elotus ရဲ့ အရည်အသွေးပြည့်စံချိန်မီ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆိုင်ရာ ဝန်ဆောင်မှုများကိုပါ easy health ဆေးခန်းတိုင်းမှာ အလွယ်တကူရရှိနိုင်ပြီဖြစ်သည်။

ထို့အပြင် Ministry of Immigration Malaysia မှ တရားဝင်ခွင့်ပြုထားသော နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်မည့် ဝန်ထမ်းများအတွက် လိုအပ်သော ဆေးစစ်မှုများကို လည်း လျင်မြန်စွာ အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါသည်။
ဒီ subscription package မှာဆိုရင် easy heath ရဲ့ patient တွေအနေနဲ့ အထွေထွေရောဂါ ဆရာဝန်တွေနဲ့ရော အထူးကုရောဂါဆရာဝန်ကြီးတွေနဲ့ပါ ဈေးသက်သက်သာသာနဲ့ ဆေးခန်းပြသနိုင်အောင်စီစဉ်ပေးထားပါတယ်။ Easy Health အနေနဲ့ လည်း ပိုမိုကောင်းမွန်တဲ့ Quality Healthcare Service တွေ ပေးစွမ်းနိုင်အောင်လည်း ဆောင်ရွက်သွားဖို့ရှိပါတယ် ဟု M Health Limited ၏ Chief Commercial Officer ကိုပြည့်စုံဦးမှပြောကြားသွားသည်။

အခုလို ELOTUS ဓာတ်ခွဲခန်းနဲ့ ပူးပေါင်းလိုက်တဲ့ အတွက် ကျွန်တော်တို့ Patient တွေအနေနဲ့ အရည်အသွေးစံချိန်မီ ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို easy heath ဆေးခန်းတိုင်းမှာ အလွယ်တကူ ရရှိနိုင်မှာဖြစ်ပါတယ် ဟု M Health Limited ၏ Chief Operation Officer ကိုရဲမင်းဦးမှပြောကြားသွားပါသည်။
easy health သည် ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတကာအဆင့်မီ ကျန်းမာရေးပြဌာန်းချက်များနှင့် အညီ တစ်နေရာတည်းမှာပဲလွယ်ကူလျင်မြန်စွာရရှိအောင်ဖန်တီးပေးနေသည့် ယုံကြည်စိတ်ချရသောမိသားစုဆေးခန်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံရှိ MAYO Medical Laboratotyနှင့် India နိုင်ငံ၏အကြီးဆုံးဓာတ်ခွဲခန်းတစ်ခုဖြစ်သောSRL Diagnostics များနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အမှန်ကန်ဆုံးစစ်ဆေးမှုများဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရောဂါရှာဖွေရာတွင်လည်းတိကျမှန်ကန်မှုရှိစေရန် ခေတ်မီ နောက်ဆုံးပေါ်အဆင့်မြင့် ကွန်ပျူတာဓာတ်မှန် ၊ ဓါတ်ခွဲစစ်ဆေးစမ်းသပ်သည့် စက်ကြီးများအား အသုံးပြုစစ်ဆေး ဆောင်ရွက်ပေးနေပါသည်။