ငွေကိုချွေချွေတာတာနဲ့သုံးစွဲပြီး အစားအသောက်တွေကိုအာဟာရပြည့်ဝစွာစားဖို့ဘယ်အချက်တွေလုပ်သင့်လဲ

ငွေကိုချွေချွေတာတာနဲ့သုံးစွဲပြီး အစားအသောက်တွေကိုအာဟာရပြည့်ဝစွာစားဖို့ဘယ်အချက်တွေလုပ်သင့်လဲ

ငွေဆိုတာကသုံးရင် သုံးသလိုကုန်တတ်တဲ့အရာမျိုးပါ။အခုလိုငွေရှာရခက်တဲ့အချိန်မျိုးမှာတော့ ပိုပြီးတော့ ချွေချွေတာတာသုံးစွဲသင့်ပါတယ်။ ကိုယ့်အိမ်အတွက် အိမ်စရိတ်အသုံးစရိတ်တွေကိုလည်းလျော့ချတတ်ဖို့ကလည်းအရေးကြီးဆုံးဖြစ်ပါတယ်။ အခုပြောပြထားတဲ့အချက်လေးတွေကလည်း တကယ်ထိရောက်ပြီး သင့်ရဲ့အသုံးစရိတ်ကိုလျော့ချပေးနိုင်ပြီး တကယ်လည်းချွေတာရာရောက်ပါတယ်နော် ။
အစီအစဉ်ချပြီးတစ်ပတ်စာဈေးဝယ်ပါ
ကိုယ့်ရဲ့မိသားစုဝင်များတယ်ဆိုရင်တော့ တစ်ပတ်စာအတွက် Stock တွေဝယ်ထားသင့်ပါတယ်။ အများနဲ့ဝယ်ရင်ပေးရတဲ့ဈေးကလည်းသက်သာသလို ကိုယ့်ရဲ့ငွေက်ိုလည်းခဏခဏမထွက်အောင်လုပ်သလိုဖြစ်စေတဲ့အတွက် ဖြစ်နိုင်ရင်ဒီတစ်ပတ်ထွက်ချက်မဲ့ဟင်းလျာတွေအတွက် ကြိုတင်ပြင်ဆင်ပြီးဝယ်သင့်ပါတယ်။

Photo Credit - Healthy.com

အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုသေချာစိစစ်ပြီးရွေးချယ်ပါ
အစားအသောက်တွေကိုရွေးချယ်ဝယ်ရာမှာလည်း ဈေးနှုန်းသက်သာတာတစ်ခုတည်းကိုပဲမကြည့်သင့်ပါဘူးနော်။ ရက်လွန်တာတွေ၊ ဈေးချပြီးရောင်းနေတာတွေက တကယ်ရောကောင်းရဲ့လားဆိုတာမျိုးကိုသေချာရွေးဝယ်စေချင်ပါတယ်။ ဈေးသက်သာတာရှာဝယ်ရင်းနဲ့ အာဟာရပြည့်ဝတဲ့အစားအသောက်တွေနဲ့ ဝေးရတတ်ပါတယ်နော် ။

Photo Credit -Forks


လိုအပ်သလောက်သာဝယ်ပါ
အပိုအလျှံဖြစ်စေတာက အစားအသောက်မှမဟုတ်ပါဘူး ဘယ်အရာမှကိုမကောင်းတာပါ။အစားအသောက်တွေကိုလည်း နှမျောပြီးများများဝယ်လိုက်ခြင်းထက် ကိုယ့်တကယ်စားချင်တာမျိုးကိုပိုပြီးဦးစားပေးဝယ်သင့်ပါတယ်။ဒါကြောင့်လိုအပ်သလောက်လာဝယ်ပါဆိုတဲ့အချက်ကလည်းအရေးကြီးပါတယ်။
ဈေးနှုန်းမှန်ကန်တဲ့ဆိုင်ရှာဝယ်ပါ
တစ်ချို့ဆိုင်တွေရဲ့ကုန်ဈေးနှုန်းတွေက သာမာန်ထက်ပိုပြီးပေးရတဲ့ဆိုင်မျိူးရှိတတ်ပါတယ်။ ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေနဲ့မျှတအောင် သုံးစွဲဖို့ကလည်းလိုအပ်တဲ့အတွက် ကုန်စုံဆိုင်ရွေးချယ်ရာမှာလည်းအရွေးမှန်ပြီး ဈေးမှန်ဖို့ကလည်းလိုအပ်ပါတယ်။

Photo Credit - Yummy

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ