El Clasico ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို ရာဖင်ညာငြင်းပယ်ခဲ့

El Clasico ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို ရာဖင်ညာငြင်းပယ်ခဲ့

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ El Clasico လာလီဂါပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာဟာ ဒီပွဲစဉ်ရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို ငြင်းပယ်ခဲ့ပါတယ်။ ရာဖင်ညာဟာ ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပြီး အသင်းကို စပိန်စူပါဖလားနဲ့ ဘုရင့်ဖလားရရှိအောင် ဦးဆောင်ပေးထားသလို လာလီဂါပြိုင်ပွဲမှာလည်း ချန်ပီယံဆုရယူနိုင်ဖို့ နီးစပ်အောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ရာဖင်ညာက သူဟာ El Clasico ပွဲစဉ်မှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရဖို့ မထိုက်တန်ဘူးလို့ ဆိုခဲ့တာပါ။

ရာဖင်ညာက "ကျွန်တော်ဒီပွဲမှာ ကောင်းမွန်စွာမကစားနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်ဟာ MOTM ဆုနဲ့ ထိုက်တန်မှုမရှိပါဘူး။ ကျွန်တော်တခြားတစ်ဦးကို ပေးလိုက်မယ်"လို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၅၄)ပွဲပါဝင်ကစားထားပြီး (၃၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂၅)ကြိမ်ပြုလုပ်ထားတာပါ။ ဘာစီလိုနာအသင်းဟာ လာမယ့်အက်စ်ပန်ညိုအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်တာနဲ့ ဒီရာသီလာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံလို့ရပြီဖြစ်ပါတယ်။

Read more

ပြင်သစ်လိဂ်အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒမ်ဘီလီ

ပြင်သစ်လိဂ်အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒမ်ဘီလီ

ပြင်သစ်ကလပ် PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒီရာသီ ပြင်သစ်လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆု(Ligue 1 Player of the Year)ကို ဆွတ်

အန်ဆယ်လော့တီကို ဘရာဇီးလ်နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ကြေညာ

အန်ဆယ်လော့တီကို ဘရာဇီးလ်နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ကြေညာ

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ဒီရာသီလာ

Pro မော်ဒယ်အသစ်နဲ့ ခေါက်ဖုန်းကို 2027 မှာ တွေ့ရမယ်

Pro မော်ဒယ်အသစ်နဲ့ ခေါက်ဖုန်းကို 2027 မှာ တွေ့ရမယ်

Mark Gurman ကနေ Apple Device တွေအကြောင်း ထပ်မံဖော်ပြလာချက်အရ Apple ဟာ 2027 မှာ iPhone Pro မော်ဒယ်အသစ်နဲ့အတူ ခေါက်ဖုန်းနဲ့ Smart Glasses တို့ကိုပါ မိတ်ဆက်လာနိုင်တယ်လို့ ဆိုပါတယ်။  iPhone Pro

လီဗာပူးလ်နဲ့ပွဲက အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး မိမိကိုယ်ကိုသတ်သေချင်ခဲ့တယ်လို့ အာတီတာဖွင့်ဟ

လီဗာပူးလ်နဲ့ပွဲက အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး မိမိကိုယ်ကိုသတ်သေချင်ခဲ့တယ်လို့ အာတီတာဖွင့်ဟ

လီဗာပူးလ်နဲ့ အာဆင်နယ်အသင်း (၂-၂)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကစားခဲ့တဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကိုကြည့်ပြီး သူ့ကိုယ်သူသတ်သေချင်