El Clasico ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို ရာဖင်ညာငြင်းပယ်ခဲ့
ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ El Clasico လာလီဂါပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာဟာ ဒီပွဲစဉ်ရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို ငြင်းပယ်ခဲ့ပါတယ်။ ရာဖင်ညာဟာ ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပြီး အသင်းကို စပိန်စူပါဖလားနဲ့ ဘုရင့်ဖလားရရှိအောင် ဦးဆောင်ပေးထားသလို လာလီဂါပြိုင်ပွဲမှာလည်း ချန်ပီယံဆုရယူနိုင်ဖို့ နီးစပ်အောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ရာဖင်ညာက သူဟာ El Clasico ပွဲစဉ်မှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရဖို့ မထိုက်တန်ဘူးလို့ ဆိုခဲ့တာပါ။
ရာဖင်ညာက "ကျွန်တော်ဒီပွဲမှာ ကောင်းမွန်စွာမကစားနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်ဟာ MOTM ဆုနဲ့ ထိုက်တန်မှုမရှိပါဘူး။ ကျွန်တော်တခြားတစ်ဦးကို ပေးလိုက်မယ်"လို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုခဲ့ပါတယ်။
ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၅၄)ပွဲပါဝင်ကစားထားပြီး (၃၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂၅)ကြိမ်ပြုလုပ်ထားတာပါ။ ဘာစီလိုနာအသင်းဟာ လာမယ့်အက်စ်ပန်ညိုအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်တာနဲ့ ဒီရာသီလာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံလို့ရပြီဖြစ်ပါတယ်။