Elon Musk ၏ xAI နှင့်ပူးပေါင်းမည့် Telegram

Elon Musk ၏ xAI နှင့်ပူးပေါင်းမည့် Telegram

Elon Musk ၏ xAI နှင့်ဖန်တီးထားသောAI နည်းပညာများကို messageဆက်သွယ်ရေးဝန်ဆောင်မှုဖြစ်တဲ့ Telegram app ထဲမှာထည့်သွင်းအသုံးပြုတော့မှာဖြစ်ပါတယ်။

ဒီသဘောတူစာချုပ်အကြောင်းကို ကြေညာတဲ့ Telegram ဥက္ကဋ္ဌ Pavel Durov ကသူ့ကုမ္ပဏီဟာ AI ထောက်ပံပေးမည့် “Grok” ကို Telegram ရဲ့အသုံးပြုသူတစ်ဘီလျံကျော်ဆီကိုအသုံးပြုနိုင်ရန်လုပ်ဆောင်ပေးတော့မှာဖြစ်ပြီး Telegram app ထဲကိုလာမည့် update များမှာပါရှိလာမယ်လို့ပြောဆိုထားသည်။

Mr Durov က ဒီစီစဉ်မှုဟာ တစ်နှစ်ဝန်းကျင်ရှိနေပြီးသူ့ကုမ္ပဏီဟာ xAI ထံမှငွေသားနဲ့ ရှယ်ယာအနေဖြင့် ဒေါ်လာသန်း 300 ရရှိမည့်အပြင် Telegram ကတဆင့် ရောင်းချလို့ရမည့် xAI subscription ရဲ့ဝင်ငွေ ၅၀% ကိုလည်းရရှိမှာဖြစ်တယ်လို့ပြောထားပါသေးတယ်။“အတူတကွ အောင်မြင်ကြမယ်!” လို့လည်းသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာပို့စ်တင်ခဲ့ပါတယ်။

ဒီအကြောင်းဟာ Meta က သူတို့ရဲ့Messages ပို့ဝန်ဆောင်မှုဖြစ်တဲ့ WhatsApp ထဲကို AI ဝန်ဆောင်မှု တစ်ခုထည့်သွင်းခဲ့တာနောက်ကိုလိုက်လာတာဖြစ်ပါတယ်။ဒါဟာ အသုံးပြုသူတွေ​၏ feedback တွေထွက်ပေါ်ပြီးနောက် ပြောင်းလဲမှုတစ်အနေနဲ့ဖြစ်လာရခြင်းလဲဖြစ်ပါတယ်။

အမှန်တစ်ကယ်က အသုံးပြုသူများသည် ၎င်းတို့၏ မိတ်ဆွေများနှင့် စကားပြောရန်နှင့်update များကို ကြည့်ရှုရန် အချို့သော media platform များကို အဓိကအသုံးပြုနေကြဆဲလဲဖြစ်သည်။

စာပေးပို့ခြင်းအတွက် AI ပေါင်းထည့်ခြင်းသည် အသုံးပြုသူများအကြား ယုံကြည်မှုကို လျော့နည်းစေတယ်လို့လဲ ဝေဖန်ပြောဆိုမှုများရှိနေပါသည်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်