Elon Musk ရဲ့ Dancer Robot

Elon Musk သည် Tesla မှတီထွင်ထားသောလူသားနဲ့နီးစက်သည့် စက်ရုပ် Optimus ကပြနေသည့် ဗီဒီယိုမျှဝေမှုကိုအွန်လိုင်းတွင်လူစိတ်ဝင်စားမှုများခဲ့သည်။

Musk ၏ X account တွင် “gorklon rust” ဟု အမည်ပြောင်းထားသည့် ဗီဒီယိုဖိုင်သည် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီးကြည့်ရှုသူအများအပြားက ၎င်းသည် အစစ်အမှန်ဟုတ်မဟုတ် မေးခွန်းထုတ်ခဲ့ကြသည်။

Tesla အင်ဂျင်နီယာ Milan Kovac က ဗီဒီယိုကို စစ်မှန်ကြောင်း အတည်ပြုပေးခဲ့သည်။ Optimus သည် သင်ကြားမှုများကို သရုပ်ဖော်ခြင်းဖြစ်ပြီးသေသေချာချာလေ့ကျင့်ထားကြောင်း ၎င်းက ရှင်းပြသည်။

ဒီဗီဒီယိုဟာ ယခင်က Optimus ကိုမြေပြင်အမျိုးမျိုးနဲ့ ယောဂလေ့ကျင့်ခန်းတွေပါလုပ်ဆောင်နေတာတွေကိုဖျော်ဖြေပွဲတွေအပြီးမှာ ထပ်မံပြသခဲ့ပြီး Tesla ​၏စက်ရုပ်နည်းပညာတိုးတက်မှုရှိကြောင်းဖော်ပြချင်တာလို့လဲသိရပါတယ်။

Musk သည် လက်တွေ့မှာ AI ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်ရန် ရည်ရွယ်ထားသောကြောင့် Tesla စက်ရုပ်များ​၏ တိုးတက်မှုကိုဖော်ပြခဲ့ခြင်းဖြစ်သည်။