AI စစ်ပွဲမှာ နောက်ထပ် Drama တစ်ခု ပေါ်လာပါပြီ။ Elon Musk ရဲ့ xAI ကုမ္ပဏီက Apple နဲ့ OpenAI တို့ကို တရားစွဲလိုက်ပါတယ်။ အကြောင်းက App Store မှာ မျက်နှာသာပေးမှုတွေ ရှိနေတယ်လို့ စွပ်စွဲတာပါ။
xAI ရဲ့ Grok AI App က App Store မှာ ရှိပေမယ့် ChatGPT လောက် Ranking မကောင်းပါဘူး။ Search လုပ်ရင် ChatGPT က အမြဲ ထိပ်မှာပဲ ရှိနေပြီး Featured Apps မှာလည်း ChatGPT ပဲ မကြာခဏ တက်နေတာဖြစ်ပါတယ်။ xAI က ဒါဟာ Apple က OpenAI ကို မျက်နှာသာပေးနေလို့ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဘာကြောင့် မျက်နှာသာပေးနေတာလဲဆိုတော့ Apple က iOS 18 မှာ ChatGPT ကို Siri နဲ့ ပေါင်းဖို့ OpenAI နဲ့ Deal လုပ်ထားလို့ဖြစ်ပါတယ်။ Business Partner ဖြစ်နေတော့ App Store မှာလည်း အားပေးနေတာပါ။ xAI အနေနဲ့ App Store Rankings မှာ မျှတမှု ရှိစေချင်တယ်၊ နစ်နာမှုအတွက် ငွေလျော်ကြေး ပေးစေချင်တယ်၊ Apple-OpenAI Deal အကြောင်း ပွင့်လင်းစေချင်တယ်လို့ တောင်းဆိုထားပါတယ်။
ဒီကိစ္စက ဘာကြောင့် အရေးကြီးလဲဆိုတော့ iOS မှာ App တင်ချင်ရင် App Store ကတစ်ဆင့်ပဲ တင်လို့ရပါတယ်။ Apple က ဘယ် App ကို Promote လုပ်မယ်၊ ဘယ်ဟာကို ဖျောက်ထားမယ် ဆုံးဖြတ်ပိုင်ခွင့် ရှိတာဖြစ်ပါတယ်။ ဒါက Fair Competition အတွက် ပြဿနာဖြစ်စေနိုင်ပါတယ်။
Elon Musk အနေနဲ့ OpenAI ကို Co-found လုပ်ခဲ့ပေမယ့် အခု ရန်သူဖြစ်နေပါပြီ။ ChatGPT နဲ့ Grok က AI Market မှာ ပြိုင်ဘက်တွေအနေနဲ့ဖြစ်နေတာပါ။ အခု Apple ပါ ဝင်လာတော့ ပိုရှုပ်သွားတာဖြစ်ပါတယ်။ ဒီ Case က အောင်ရင် App Store Policy တွေ အပြောင်းအလဲဖြစ်နိုင်ပါတယ်။ Developer တွေအတွက် ပိုမျှတလာနိုင်တယ်။ ရှုံးရင်တော့ Big Tech တွေရဲ့ Power က ဆက်ရှိနေမှာပါ။
Apple နဲ့ OpenAI က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး Court မှာ တိုက်မယ်လိုဆိုပါတယ်။ AI Wars ရဲ့ နောက်ထပ် Episode တစ်ခုကို စောင့်ကြည့်ရမှာပါ။
#AkhayarTech #xAI #Apple #OpenAI #ElonMusk #ChatGPT #Grok #TechNews #AIWars #AppStore
🚨 Elon Musk ရဲ့ xAI က Apple နဲ့ OpenAI ကို တရားစွဲလိုက်ပြီ

On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion