Elon Musk ရဲ့ xAI ကနေ ဆော့ဖ်ဝဲအင်ဂျင်နီယာဝန်ထမ်းတွေ ခေါ်ယူနေ

Elon Musk ရဲ့ xAI ကနေ Windows နဲ့ Mac အသုံးပြုသူတွေအတွက် သီးသန့် App တည်ဆောက်ဖို့ ဆော့ဖ်ဝဲအင်ဂျင်နီယာဝန်ထမ်းအသစ်တွေ ခေါ်ယူနေကြောင်း X မှာ ကြေညာလိုက်ပါတယ်။

ဒီအလုပ်ခေါ်စာကို xAI ဝန်ထမ်းထဲက Sulaiman Khan Ghori ကနေ သူ့ရဲ့ X account မှာ ကြေညာခဲ့တာပဲဖြစ်ပါတယ်။ Post ထဲမှာတော့ Mac Product တွေနဲ့ပတ်သက်ပြီး xAI ကို ကူညီဖို့ အင်ဂျင်နီယာတွေ လိုအပ်နေပါတယ်။ မင်းအနေနဲ့ Swift နဲ့ AppKit App တွေနဲ့ပတ်သက်ပြီး High Performance ရှိသူတစ်ယောက်ဆို xAI ကနေ ဆွေးနွေးချင်ပါတယ်လို့ ဆိုထားပါတယ်။

နောက်ပြီး xAI ရဲ့ Co-founder ဖြစ်တဲ့ Igor Babuschkin ကလည်း Sulaiman Khan Ghori ရဲ့ tweet ကို “Join us to work on the X/Grok macOS app” ဆိုတဲ့ စာသားနဲ့ Retweet လုပ်ခဲ့တဲ့အပြင် xAI ရဲ့ Founder ဖြစ်တဲ့ Elon Musk ကလည်း Babuschkin ရဲ့ post ကို "We're building both macOS and Windows apps. Can't live in the browser forever!" (Browser ထဲမှာပဲ အမြဲမနေနိုင်ပါဘူး) ဆိုတဲ့ စာသားနဲ့ Retweet ထပ်မံပြုလုပ်ခဲ့ပါသေးတယ်။

Elon Musk အနေနဲ့ ဖေဖော်ဝါရီလတုန်းက Grok ChatBot ကို Apple MacOS နဲ့ Windows တို့အတွက် သီးသန့် Desktop App အဖြစ် ဖန်တိီးနေကြောင်း ကြေညာခဲ့ပါသေးတယ်။ ဆိုတော့ ဒီပရောဂျက်က စနေပြီလား မစရသေးဘဲ ဝန်ထမ်းတွေ အရင်ခေါ်ယူနေတာပဲလားဆိုတာကတော့ Grok Desktop App ထွက်လာတဲ့အချိန်ကို တွက်ပြီးသာ စောင့်ကြည့်ရမယ့်ပုံပါပဲ...