Elon Musk သည်သမ္မတ Trump အစိုးရအဖွဲ့မှ နှုတ်ထွက်သည်ဟုသီတင်းများထွက်ပေါ်လာ

Tesla CEO Elon Musk သည် Trump အုပ်ချုပ်ရေးအဖွဲ့မှတရားဝင်နှုတ်ထွက်လိုက်ပြီဖြစ်သည်။သူ့ရည်မှန်းချက်မှာအစိုးရ၏ လုပ်ဆောင်ချက်ကို တိုးတက်အောင် ကူညီပေးရန် ဖြစ်သော်လည်း မျှော်မှန်းထားသလောက်မအောင်မြင်ခဲ့ပေ။

ဆက်တိုက်အကျဘက်သို့ဦးတည်လာသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့် Musk သည်ယခုအခါမိမိ​၏စီးပွားရေးထဲမှ Tesla အတွက်ပြန်လည်ရုန်းကန်ရမည့်အခြေအနေဖြစ်သည့်အတွက်ယုခုကဲ့သို့နှုတ်ထွက်ခြင်းဖြစ်သည်ဟုလဲ မှတ်ချက်ပေးနေကြသည်။

Musk ​၏နှုတ်ထွက်မှုကို ဗုဒ္ဓဟူးနေ့ညက စတင်ခဲ့ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။ အစိုးရဝန်ထမ်း စွမ်းဆောင်ရည်ဌာနတွင် အထူးအစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် Musk က သမ္မတ Trump ကိုကျေးဇူးတင်ကြောင်း သူ့ရဲ့ platform X မှာ ဝေမျှခဲ့ပါတယ်။

Musk ​၏ထွက်ခွာမှုသည် Trump နှင့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခြင်းမရှိဘဲလျင်မြန်စွာဖြစ်ပေါ်ခဲ့သည်။Trump ကမူအမှန်တစ်ကယ်ထွက်ရှိခဲ့ခြင်းမဟုတ်ဘူးလို့လဲ ပြန်လည်ပြောဆိုထားပါသည်။