အသက်ရလာတဲ့အခါ လေ့ကျင့်ခန်းနဲ့ ပရိုတင်းဓာတ်တွေက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိအရေးပါလာတာလဲ

အသက်ရလာတဲ့အခါ လေ့ကျင့်ခန်းနဲ့ ပရိုတင်းဓာတ်တွေက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိအရေးပါလာတာလဲ

အသက် (၄၀) အစောပိုင်းတွေကနေ စလို့ ဆယ်စုနှစ် တစ်ခုကြာတိုင်းမှာ ကြွက်သား ၈% လောက် ဆုံးရှုံးနေတတ်ပါတယ်*။  ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းက ကြွက်သားတွေကို သန်မာစေပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အာဟာရဖြည့်စွက်စာတွေကို စားသုံးပေးခြင်းက ကြွက်သားဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင်သလို ကြွက်သားအားကိုလည်း ကူညီပေးနိုင်ပါတယ်။

တကယ်လို့ ကိုယ်က အားကစားလိုက်စားဖို့အတွက် အချိန်မပေးနိုင်ဘူးဆိုရင်တောင် လမ်းလျှောက်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ ယောဂလေ့ကျင့်ခန်း နဲ့ ခြေဖျား ထောက်ခြင်း စတဲ့ လှုပ်ရှားမှုလေးတွေကလည်း အကူအညီဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကြွက်သားက သန်မာနေရဲ့လား ဒါမှမဟုတ် ဂရုစိုက်ရမယ့် အခြေအနေရောက်နေပြီလားဆိုတာကို သိနိုင်ဖို့ “Stand-up Test” ကိုလည်း အိမ်မှာ ပြုလုပ်နိုင်ပါသေးတယ်။
ဒါဆို “Stand-up Test” ကို ဘယ်လို လုပ်ရမလဲ။
လက်တွေကိုယှက်ပြီး ရင်ဘတ်ရှေ့မှာ ထားလိုက်ပါ။
ခြေတစ်ဖက်တည်းနဲ့ ထိုင်နေရာကနေ ရပ်လိုက်ပါ။
ဒီအခြေအနေကို (၃) စက္ကန့်ကြာအောင် ထိန်းထားပါ။

ကိုယ်က ဒီလိုမျိုးအခြေနေကို လွယ်လွယ်ကူကူနဲ့ လုပ်နိုင်တယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ ကြွက်သားတွေက ကောင်းမွန်နေဆဲပါပဲ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ နောက်မကျသွားခင် ကြွက်သားတွေကို ဂရုစိုက်ဖို့ လိုအပ်လာပြီနော်။ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ သန်မာတဲ့ ကြွက်သားတွေရရှိဖို့အတွက်ကတော့ လေ့ကျင့်ခန်းတစ်ခုတည်း လုပ်ရုံနဲ့မလုံလောက်ဘူးနော်။ အာဟာရဓာတ်ကလည်း လူကြီးတွေအတွက် အင်မတန် အရေးကြီးပါတယ်။ ကြွက်သားခွန်အားအတွက် ပရိုတင်းဓာတ်က အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတာမို့လို့ မှန်ကန်တဲ့ အာဟာရ ပမာဏကို လိုအပ်ပါတယ်။

ဒီတော့ ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစားအစာတွေက ဘာတွေ ဖြစ်မလဲ လေ့လာကြည့်ရအောင်။ ပရိုတင်းဓာတ်ပြည့်ဝပြီး ကြွက်သားတွေကိုလည်းသန်မာစေတဲ့ အစားအစာတွေကတော့ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဥ၊  ငါး၊ (ဥပမာ  ဆာဒင်းငါး၊ ကမာ၊  ပုစွန် ) တို့ပဲဖြစ်ပြီး ပရိုတင်းဓာတ်က အရိုး၊ ကြွက်သား၊ အရိုးနု၊ အရေပြား၊ သွေးတို့ကို တည်ဆောက်ပေးရာမှာ ပါဝင်ပါတယ်။ နောက်ပြီး ပရိုတင်းက အင်ဇိုင်း နဲ့ ဟော်မုန်းတွေကိုလည်း တည်ဆောက်ပေးပါတယ်။

အသက်ရလာတဲ့အခါ အစာစားချင်စိတ်လျော့နည်းလာတာ၊ ခံတွင်းမတွေ့တာ နဲ့ အာဟာရဓာတ် စုပ်ယူမှု လျော့ပါးလာတာတွေကြောင့် ပရိုတင်းဓာတ် ချို့တဲ့တာတွေ ဖြစ်စေနိုင်ပါတယ်။ ပရိုတင်းဓာတ် နည်းပါးခြင်းက အရိုး၊ ကြွက်သားတွေအတွက် ပရိုတင်းအသုံးပြုမှုကို သက်ရောက်စေပြီး ရလဒ်အနေနဲ့ ခွန်အားတွေလည်း လျော့ပါးလာစေပါတယ်။
ဒီလိုဆိုရင် အသီးအရွက်တွေ ပိုပြီး စားသုံးတဲ့သူတွေအတွက် ပရိုတင်းဓာတ်တွေ လုံလုံလောက်လောက်ပေးနိုင်တဲ့ အစားအစာတွေက ဘာတွေရှိနိုင်မလဲ။
၁။​ ပဲပိစပ်
အပင်အခြေခံ အစားအစာတွေထဲမှာမှ ပဲပိစပ်ဟာ ပရိုတင်းဓာတ်အကြွယ်ဝဆုံးရင်းမြစ်ဖြစ်တဲ့အပြင် ကယ်လ်ဆီယမ်နဲ့ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
၂။ Quinoa
Quinoaမှာလည်း ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်နဲ့ မန်းဂနိစ်တို့အပါအဝင် အခြားသော အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။
၃။ ဆန်
ဆန်ပရိုတင်းမှာတော့ ခန္ဓာကိုယ်အတွက် သွေးတွင်းသကြားဓာတ်တွေ အလွန်အမင်းများပြားခြင်းကို ကာကွယ်ပေးနိုင်တဲ့ အမိုင်နိုဓာတ် ပါဝင်ပါတယ်။
၄။ အခြား ရွေးချယ်စရာ အနေနဲ့ အယ်လ်မွန်၊ ပဲအမျိုးမျိုး၊ ပဲစိမ်း၊ ကုလားပဲ၊ မြေပဲ၊ အစိမ်းရင့်ရောင် အသီးအရွက်တွေဖြစ်တဲ့ ပန်းပွင့်စိမ်း၊ ကိုက်လန်နဲ့ မှိုတို့မှာလည်း ပရိုတင်းဓာတ် ပါဝင်ပေမဲ့ တခြား ပရိုတင်းရင်းမြစ်တွေနဲ့ တွဲဖက်စားသုံးခြင်းက ပိုပြီး ကောင်းမွန်စေပါတယ်။
ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတွေက အစားအစာကနေ လုံလောက်တဲ့ အာဟာရဓာတ် မရဘူးလို့ ခံစားနေရပြီဆိုရင် အာဟာရဖြည့်စွက်စာတွေရဲ့ အကူအညီကို ရယူနိုင်ပါတယ်။

ဒါကြောင့် ဖြည့်စွက်စာတွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ဆိုကြတာပါ။ တကယ်လို့ သူတို့က အသီးအရွက်ကို ပိုမိုစားသုံးတဲ့သူတွေ ဒါမှမဟုတ် နို့အရသာကိုမကြိုက်တဲ့သူတွေဆိုရင် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှု၊ ခံနိုင်ရည်နဲ့ သွက်လက်စွာ လှုပ်ရှားနိုင်မှုတို့အတွက်^ အထောက်အကူဖြစ်စေနိုင်ဖို့ ပဲပိစပ်၊ ဆန်နှင့် quinoa တို့ကနေ ရတဲ့ ပရိုတင်းတွေနဲ့ ကြွက်သားထုအတွက် HMB တို့ သိပ္ပံနည်းကျပေါင်းစပ်ပါဝင်တဲ့ Ensure Gold Plant-Based လိုမျိုး ရွေးချယ်စရာတွေလည်း ရှိပါသေးတယ်။

နှစ်ပေါင်း (၃၀)ကျော်ကြာ သုတေသနတွေနဲ့ သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှု (၅၀) ကျော် ပြုလုပ်ထားတဲ့ Ensure Gold ကို တစ်ရက် နှစ်ခွက်သောက်မယ်ဆိုရင် HMB (၁.၅) ဂရမ် ပါဝင်ပြီး ခွန်အားကို တိုးမြှင့်ပေးတဲ့အပြင် ကြွက်သားတွေကိုလည်း အထောက်အကူပြုပေးပါတယ်^။ ဒါ့အပြင် ကိုယ်ခံအားအတွက် အာဟာရဓာတ် (၁၂) မျိုး~ ပါဝင်ပြီး အသက်ရလာတဲ့ သူတွေရဲ့ အလုံးစုံ ကျန်းမာရေးအတွက် ပြည့်စုံမျှတတဲ့ အာဟာရကို ပေးစွမ်းနိုင်ပါတယ်။လက်တို့စ် နို့သကြားနဲ့ Gluten မပါဝင်လို့ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို ကူညီဖြေရှင်းပေးပြီး Antioxidants တွေ ကြွယ်ဝစွာ ပါဝင်ခြင်းက ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ကူညီပေးပါတယ်။

အသက် (၄၀) ကျော်လာရင်လည်း ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးတာ၊ အာဟာရပြည့်စုံအောင် စားတာနဲ့ HMB ပါဝင်တဲ့ Ensure Gold ရဲ့ အကူအညီနဲ့ဆို ကြွက်သားထု တည်ဆောက်ဖို့ကလည်း ဖြစ်နိုင်ပါသေးတယ်။ အဓိကကတော့ အချိန်မနှောင်းသေးခင်မှာ စောစောစတင်ပြီး မှန်ကန်တဲ့ အာဟာရ အထောက်အကူနဲ့အတူ ဆက်ပြီး လျှောက်လှမ်းသွားဖို့ပါပဲ။
Ensure Gold Plant Based လက်ဆောင်အထုပ်လေးတွေကို ဒီ Link လေးမှာ ဝင်ရောက်ပြီး ရယူနိုင်ပါတယ်။
https://www.ensuremyanmar.com/ensure-careline/

References:

1.Age-related muscle loss: what it is, why it happens and what you can do to combat it | South China Morning Post (scmp.com)

2.Stand For Strength | Ensure (ensuremyanmar.com)

3.https://abbottfamily.com.sg/brands/ensure/range

4.https://www.leisurecare.com/resources/why-do-seniors-lose-weight/

5.https://www.medicalnewstoday.com/articles/321474

6.https://www.helpguide.org/articles/healthy-living/exercise-and-fitness-as-you-age.htm

7.https://medlineplus.gov/nutritionforolderadults.html

8.Which Vitamins Are Good for Muscle Health?: Health One Family Medicine: Family Medicine (healthonemedicine.com)

9.Building Muscle Strength For a Healthy Lifestyle After 40 - Abbott FAMILY

10.Ensure Gold Full Prescribing Information, Dosage & Side Effects | MIMS Philippines

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်