"ထောပတ်သီးစားရုံနဲ့ ရနိုင်တဲ့ ကောင်းကျိုးများ"🥑

"ထောပတ်သီးစားရုံနဲ့ ရနိုင်တဲ့ ကောင်းကျိုးများ"🥑

ထောပတ်သီးတွေ ပေါတဲ့ ရာသီဆိုတော့ admin က ဘာလို့ ထောပတ်သီး စားသင့်လဲဆိုတာနဲ့ သူ့မှာ ပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်ကို ဘယ်လိုမျိုး ကောင်းကျိုးတွေပေးလဲဆိုတာကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

ထောပတ်သီးမှာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် ဒီက ရရှိနိုင်တဲ့ ကောင်းကျိုးတွေကလည်း အများကြီးရှိတာ အသေအချာပါပဲ။

ပထမဦးဆုံးအနေနဲ့ ထောပတ်သီးမှာပါတဲ့ ဓာတ်တွေက ကိုလက်စထရောlevel ကို ထိန်းညှိပေးတာမလို့ နှလုံးကျန်းမာရေးအတွက် အရမ်းကို ကောင်းပါတယ်။

မျက်လုံးကိုလည်း ပိုမို အားကောင်းလာအောင် အထောက်အကူအများကြီး ပြုတဲ့အပြင် ကင်ဆာရောဂါဖြစ်နိုင်ချကိုလည်း လျှော့ချပေးတယ်ဆိုတဲ့ အချက်တွေကိုလည်း တွေ့ရပါတယ်။

ထောပတ်သီးမှာက Fiber ဓာတ် အများအပြားပါဝင်တာကြောင့် အစာချေဖျက်အားကောင်းစေတဲ့အပြင် ထောပတ်သီးရဲ့ အစေ့မှာပါဝင်တဲ့ ဓာတ်တွေကလည်း အခြား ခန္ဓာကိုယ်အတွက်် ကောင်းကျိုးမပေးတဲ့ ပိုးမွှားတွေရန်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

အသားအရည်အတွက်ဆိုလည်း ဝက်ခြံထွက်တာတွေကို လျှော့ချပေးသလို မျက်နှာအသားအရည် ရေဓာတ်ပြည့်ဝနေဖို့ကိုလည်း အကူအညီ အများကြီးပေးပါတယ်။

နောက်ပြီး နာတာရှည်ရောဂါကဲ့သို့သော ရောဂါတွေဖြစ်နိုင်ချေကိုလည်း လျှော့ချပေးတဲ့ အပြင် အခြား သွေးတိုး,ဆီးချို,လေဖြတ်ခြင်း, အဝလွန်ခြင်းနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ကဲ အခုဆိုရင် အားလုံးလည်း ထောပတ်သီးက လူတစ်ယောက်အတွက် ဘယ်လိုမျိုးကောင်းကျိုးတွေပေးလဲဆိုတာကို သိရှိသွားပြီလို့ ထင်ပါတယ်။ ဒါကြောင့် အခြား ဖြည့်စွက်စာလိုမျိုးတွေ သောက်မယ့်အစား ဒီလိုမျိုး သဘာဝကရတဲ့ အသီးအနှံမျိုးကိုပဲ များများ စားသုံးကြဖို့ ပြောချင်ပါတယ်။

#avocadobenefits #fruit #healthylife #diet #akhayarlifestyle

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ