EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

TikTok သည်အသုံးပြုသူများ​၏ data များကို China သို့ လွှဲပြောင်းခြင်းအတွက် EU တွင်ဒဏ်ငွေများစွာ ချမှတ်ခံရပြီး အိုင်ယာလန်နိုင်ငံ၏ Data Protection Commission (DPC) သို့ဒဏ်ငွေ ယူရို ၅၃၀ သန်း (ဒေါ်လာ သန်း ၆၀၀) ပေးဆောင်ရမည်။

အကြောင်းရင်းမှာ ဥရောပစီးပွားရေးဧရိယာ (EEA) ရှိ TikTok အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခြင်းကြောင့်ဖြစ်သည်။

TikTok သည် EEA မှအသုံးပြုသူများ​​၏ dataများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းခြင်းနှင့်ပတ်သက်သည့်လုပ်ရပ်တွင် EU ၏ GDPR စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ၎င်းနှင့်ပတ်သက်သည့် ပွင့်လင်းမြင်သာမှုဆိုင်ရာစည်းကမ်းချက်များကိုလည်း လိုက်နာခဲ့ခြင်းမရှိပေ။ဒဏ်ကြေးငွေနှင့်အတူ TikTok သည် GDPR စည်းမျဉ်းများနှင့်ကိုက်ညီစေရန် ၆ လအတွင်း၌ data လုပ်ငန်းစဉ်များကို ပြုပြင်ရမည်ဖြစ်သည်။မပြုပြင်ပါကတရုတ်နိုင်ငံသို့ data လွှပြောင်းခြင်းကိုရပ်ဆိုင်းရမည်ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ DPC ​၏ဒုတိယတာဝန်ရှိသူ Graham Doyle က TikTok သည် တရုတ်နိုင်ငံရှိ ဆာဗာများတွင် EEA အသုံးပြုသူဒေတာကို သိမ်းဆည်းထားခြင်းမရှိကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့်လက တရုတ်နိုင်ငံရှိ ဆာဗာများတွင် "ကန့်သတ် EEA အသုံးပြုသူဒေတာ" အမှန်တကယ် သိမ်းဆည်းထားပြီး ဖေဖော်ဝါရီလတွင် ရှာဖွေတွေ့ရှိခဲ့သည့်အချက်အလက်များကို DPC သို့ အကြောင်းကြားခဲ့သည်။ထို့ကြောင့် ပေးထားသော ကနဦးအချက်အလက်များမှာ မမှန်ကန်ကြောင်းကိုတွေ့ရှိခဲ့သည်။သို့သော် TikTok သည် ဒေတာများကို ဖျက်လိုက်ပြီဖြစ်ကြောင်းလည်း DPC သို့အကြောင်းကြားခဲ့သည်။

Read more

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)နဲ့အထက်ရတဲ့အသင်းတွေအရင်က ရှိခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက (၁၀၅)မှတ်အထိရယူကာစံချိန်တင်ခဲ့ပြီး ဒီစံချိန်ကို ၂၀၀၆ ခု

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ကို ကိုယ်စားပြုတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်နေတာအတော်ကြာခဲ့ပါပြီ။ လာမယ့

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ ဂျော့ခ်ျဂျီးဆပ်စ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အယ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါ) (3 May 2025/ 8:00 pm) ဒီပွဲက ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွ