EV လောကမှာနယ်မြေချဲ့ထွင်လာသည့် BYD
BYD ကားကုမ္ပဏီသည်အရင်ထုတ်လုပ်ထားသော Denza model ကိုလူတိုင်းမျက်စိကျ နိုင်မည့်အသွင်အပြင်နှင့်စွမ်းဆောင်ရည်ပိုင်းကိုတိုးမြှင့်ထားသည့် Denza Z ကို မိတ်ဆက်ခဲ့သည်။
2025 Shanghai Auto Show တွင် ထုတ်ဖော်ပြသခဲ့သည့် Denza Z သည် Tesla Roadster နှင့် Porsche 911 တို့ကဲ့သို့ luxury series ဖြစ်ပြီး စျေးနှုန်းအနေနဲ့သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်မည်လို့ ကြေငြာထားသည်။
ကား၏ system control တွင် tri-motor e3 နည်းပညာကိုအခြေခံထားပြီး steer-by-wire စနစ်နှင့်ထိန်းချုပ်နိုင်သည်။ပါဝင်သောနည်းပညာကြောင့် ကားထိန်းချုပ်မှု အပိုင်းမှာပိုတိကျပြီး မြန်မြန်ဆန်ဆန် မောင်းနှင်နိုင်ပါတယ်။အထက်ဖော်ပြပါ စနစ်ပါဝင်တဲ့အတွက်ကား၏ စွမ်းဆောင်ရည်ကို 1,000 bhp ထိမြှင့်တင်နိုင်သည်။
အဆင့်မြင့် feature များအနေဖြင့် magnetorheological ၊ ခေါက်နိုင်သောစတီယာရင်နှင့် နောက်ဆုံးပေါ်နည်းပညာများပါဝင်ပြီး သက်တောင့်သက်သာနှင့်ပေါ့ပါးမှုကိုပါ အသားပေးထားသည်အ။တွင်းခန်းကိုလဲ luxury ခံစားမှု အပြည့်ပေးစွမ်းနိုင်မည်ဟုလဲဆိုထားသည်။