FA ဖလားဗိုလ်လုပွဲမှာ ပယ်နယ်တီမကန် ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဟာလန်းကို ဝိန်းရွန်နီဝေဖန်ထိုးနှက်

ခရစ္စတယ်ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းရရှိခဲ့တဲ့ ပယ်နယ်တီကို မကန်သွင်းဘဲ အသင်းဖော်တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို ကန်သွင်းခွင့်ပေးခဲ့တဲ့ တိုက်စစ်မှူးဟာလန်းရဲ့ဆုံးဖြတ်ချက်ကို မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ထိုးနှက်မှုပြုလုပ်ခဲ့ပါတယ်။

ဟာလန်းဟာ ဒီပွဲမှာ မန်စီးတီးအသင်းရရှိခဲ့တဲ့ ပယ်နယ်တီကို ကန်သွင်းဖို့ ဘောလုံးကို ကိုင်ကာ အနမ်းပေးခဲ့တာကြောင့် သူကန်သွင်းမယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် အသင်းဖော် အိုမာမာမွတ်ရှ်ကို ကန်သွင်းဖို့ ဘောလုံးပေးသွားခဲ့တာဖြစ်ပါတယ်။ အိုမာမာမွတ်ရှ်ရဲ့ကန်သွင်းမှုကို ခရစ္စတယ်ပဲလေ့စ်အသင်းဂိုးသမား ဒင်းန်ဟန်ဒါဆန်က ကာကွယ်သွားနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်း ချေပဂိုးရရှိနိုင်မယ့် အခွင့်အရေးဆုံးရှုံးသွားခဲ့တာပါ။

ဟာလန်းဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကမှ မန်စီးတီးအသင်းအတွက် ပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲမှာပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ BBC One မှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဝိန်းရွန်နီက ဟာလန်းကို မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြီး ထိုးနှက်မှုပြုလုပ်သွားခဲ့တာပါ။

ဝိန်းရွန်နီက"ဟာလန်းဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ပေမယ့် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဆိုရင် သူတို့ဟာ ဒီဘောလုံးကိုပေးမှာမဟုတ်ပါဘူး။ ဒါက သူတို့နှစ်ဦးကို ဟာလန်း၊ ဘာပေ၊ အခြားကစားသမားတွေနဲ့ ခွဲခြားထားတာပါ။ သူတို့ဟာ တစ်ကိုယ်ကောင်းဆန်ပြီး ပွဲတိုင်းဂိုးသွင်းချင်ကြပါတယ်။ ဟာလန်းဟာ အခွင့်အရေးလက်လွှတ်ခဲ့တဲ့အချိန်မှာ သူ့အပေါ်သက်ရောက်မှုတွေရှိမယ်လို့ ထင်ပါတယ်"ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ပယ်နယ်တီကန်သွင်းတဲ့ ဆုံးဖြတ်ချက်မှာ သူမပါဝင်ဘဲ ကွင်းထဲမှာရှိတဲ့သူတွေသာ ဆုံးဖြတ်ခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ