FA ဖလားကို ရယူနိုင်တာက ခရစ္စတယ်ပဲလေစ့်အသင်းအတွက် ပိုပြီးအဓိပ္ပါယ်ရှိမယ်လို့ နည်းပြဂလက်စ်နာဝန်ခံ

FA ဖလားကို ရယူနိုင်တာက ခရစ္စတယ်ပဲလေစ့်အသင်းအတွက် ပိုပြီးအဓိပ္ပါယ်ရှိမယ်လို့ နည်းပြဂလက်စ်နာဝန်ခံ

ဒီနေ့ကစားမယ့် ခရစ္စတယ်ပဲလေ့စ်-မန်စီးတီး FA ဖလားဗိုလ်လုပွဲမတိုင်မီမှာ သြစတြီးယားလူမျိုးနည်းပြဂလက်စ်နာက FA ဖလားချန်ပီယံဆုကိုရယူနိုင်တာက မန်စီးတီးအသင်းထက် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပိုပြီးအဓိပ္ပါယ်ရှိမယ်လို့ ဝန်ခံခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဓိကဆုဖလားကို ရယူဖို့ ဝင်ဘလေကွင်းကိုလာရောက်ရမှာဖြစ်ပေမယ့် မန်စီးတီးအသင်းကတော့ (၈)ကြိမ်မြောက် FA ဖလားချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလားဗိုလ်လုပွဲကို (၂)ကြိမ်တက်ခဲ့ဖူးပေမယ့် (၂)ကြိမ်စလုံး မန်ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြဂွါဒီယိုလာလက်ထက်မှာ ချန်ပီယံဆုကို(၃)ကြိမ်အထိရယူနိုင်ခဲ့ပြီး FA ဖလားဗိုလ်လုပွဲကို အခုတစ်ကြိမ်အပါအဝင် (၃)ရာသီဆက်တိုက်တက်နိုင်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက သူတို့အတွက် ပထမဆုံးအဓိကဆုဖလားကိုရယူနိုင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဂလက်စ်နာက "တစ်စုံတစ်ခုက ခင်ဗျားရဲ့ဘဝမှာ ပထမဆုံးဖြစ်ခဲ့မယ်ဆိုရင် ဒါက နှစ်တိုင်းရရှိနေတဲ့အရာထက် ခင်ဗျားအတွက် ပိုပြီးအဓိပ္ပါယ်ရှိမှာပါ။ မန်စီးတီးဆုဖလားဘယ်လောက်ရရှိထားလဲဆိုတာနဲ့ ဂွါဒီယိုလာရဲ့လက်အောက်မှာ ဗိုလ်လုပွဲဘယ်နှစ်ကြိမ်ကစားထားလဲဆိုတာ ကျွန်တော်မသိပါဘူး။ သေချာတာကတော့ သူတို့ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းထက် အများကြီးပိုပါတယ်။ ကျွန်တော်တို့အတွက် ဒီရာသီက ဆုဖလားရယူနိုင်ဖို့ အကောင်းဆုံးအရာ"လို့ ဆိုခဲ့တာပါ။

ဂလက်စ်နာဟာ ဂျာမနီနိုင်ငံမှာ နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံနေရသလို စပါးအသင်းနည်းပြပိုစတီကိုဂလူးရဲ့နေရာမှာ ဆက်ခံမယ့်သူအဖြစ် ဖော်ပြခြင်းခံနေရပါတယ်။ ဂလက်စ်နာကတော့ ဒီအပေါ်မှာ သူအာရုံစိုက်နေမှာမဟုတ်ဘဲ ဗိုလ်လုပွဲမှာ အနိုင်ရရှိဖို့ကိုသာ အာရုံစိုက်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၂)နေရာရပ်တည်နေပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ရင် ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ