ဖုန်းကိုဂိမ်းဆော့ဖို့မဟုတ်ပဲ တစ်ခါတစ်လေ ကောင်မလေး အလှပြင်တာကို ထိုင်စောင့်ရင်းဖြစ်ဖြစ်၊ ကားစီးရင်း အချိန်ကုန်ချင်တာပဲဖြစ်ဖြစ်၊ တစ်ခါတစ်လေ အပျင်းပြေဆော့ဖို့ ဖုန်းဂိမ်းရှာနေပါသလား? ဒါဆိုရင် သူများသားသမီးရဲ့ ခံစားချက်တွေကို မကစားပဲ File Size လည်းသေးပြီး ရုပ်ထွက်လည်း မညံ့တဲ့ အောက်က ဂိမ်းတွေကို ကစားကြည့်ဖို့ အကြံပေးပါတယ်ဗျ

၁. City Block

Pixel စတိုင်ရုပ်ထွက်နဲ့ 2MB ပဲရှိတဲ့ ဒီဂိမ်းမှာ မိတ်ဆွေက ရဲသားတစ်ယောက်အနေနဲ့ ကားမောင်း၊ ဆိုင်ကယ်မောင်းပြီး ပြဿနာတွေလိုက်ရှင်းပေးရမယ် ဂိမ်းပါပဲ။ တစ်ကယ်လို့ ဖိုင်ဆိုဒ်သေးသေးနဲ့ အပျင်းပြေဆော့လို့ကောင်းပါတယ်။

၂. Sneak Ops

ဒီကောင်ကလည်း 8-bit Character နဲ့ ဂိမ်းပါပဲ။ အစောင့်တွေကိုကျော်ပြီး Floopy Disk တွေလိုက်မရတဲ့ ဂိမ်းပါပဲ။ Sneak စပိုင်စတိုင်ဖြစ်ပါတယ်။ Level တွေအများကြီးပါဝင်ပြီး တစ်ဆင့်ပြီးတစ်ဆင့်ခက်လာပါမယ်။ ဆော့ကြည့်ပါ။

၃. Dead Ahead

Zombie တွေလိုက်လို့ပြေးရတဲ့ ဂိမ်းဖြစ်ပါတယ်။ လမ်းမှာအတားအစီးတွေကို ခုန်ပျံကျော်လွှားလုပ်တာ၊ ရှောင်တိမ်းနေရတဲ့ Endless Runner အမျိုးအစားဖြစ်ပါတယ်။ Pixel Graphics ဖြစ်ပေမယ့် Character တွေက ချစ်စရာလေးတွေပါ။

၄. Seedship

Game ဆော့ရင်း စာဖတ်ချင်တယ်။ Graphics ဂိမ်းဆော့ရတာများနေပြီ။ စာဖတ်တဲ့ဂိမ်းဆော့ချင်တယ်ဆိုလည်း ရပါတယ်။ အတွဲရှိတဲ့သူတွေပိုဆော့လို့ကောင်းမယ်ထင်တယ်။ အားနေရင် စာအရှည်ကြီးတွေနဲ့ ချော့နေရတဲ့သူတွေအတွက် စာဖတ်ရင်းဆော့လို့ရမယ့် ဒီဂိမ်းမှာ အာကာသယာဥ်ကို ဦးစီးရမယ့်အပြင် ယာဥ်ပျံမပျက်စီးအောင် Decision ချရမယ့် ဆရာကြီးလုပ်တဲ့ဂိမ်းပဲဖြစ်ပါတယ်။

၅. Modern Sniper

PUBG လိုမျိုး Action Shooting Game ဆော့ချင်တယ်။ ဖုန်းကလည်း မကောင်းလို့ ဆော့တာကြာရင်ပူလာတယ်။ အာသာပြေ ပစ်ချင်ခတ်ချင်၊ ထုချင်နှက်ချင်တယ်ဆိုရင် ဒီဂိမ်းကိုဆော့ပါ။ Maps လည်းရွေးလို့ရလို့ မဆိုးဘူးပြောရပါမယ်။