အမေရိကန်လေကြောင်းအာဏာပိုင် (FAA) သည် လေကြောင်းထိန်းချုပ်ရေးစနစ်များကို ခေတ်မီနည်းပညာအသစ်များဖြင့် ပြန်လည်ပြုပြင်ရန်ပြင်ဆင်နေသည်။အကြောင်းမှာယခုအချိန်ထိ လေကြောင်းထိန်းချုပ်ရေးအတွက် Windows 95 နှင့် floppy disk များကိုအသုံးပြုနေဆဲဖြစ်နေသောကြောင့်ဖြစ်သည်။

Window 95နှင့်floppy disk ကအချိန်အတော်ကြာကြာအသုံးပြုပြီးနောက်တွင်လေကြောင်းလုံခြုံရေးနှင့် အခြားသောအရာများစွာကိုပိုမိုတိကျစွာလုပ်ဆောင်နိုင်ရန်အတွက်ပြောင်းလဲခြင်းဖြစ်သည်။

လက်ရှိလေကြောင်းအသွားအလာ နှင့် ထိန်းချုပ်မှုများသည် ပိုမိုရှုပ်ထွေးလာသဖြင့်အနာဂတ်တွင်ဖြစ်လာနိုင်သော လုံခြုံရေးအန္တရာယ်များ၊အလုပ်လုပ်ဆောင်ရာတွင် လစ်ဟာမှုများကိုရှောင်ကြဉ်နိုင်ရန်နှင့်ခေတ်ဟောင်းနည်းပညာများကို ခေတ်သစ်နည်းပညာများဖြင့် အစားထိုးခြင်းဖြစ်သည်။

အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy ကအဆိုပါပြုပြင်မှုကို “ဆယ်စုနှစ်များအတွင်း အမေရိကန်တွင်ရှိသည့် အရေးကြီးသောအခြေခံစီမံကိန်း” ဟုခေါ်ဆိုခဲ့သည်။မကြာခဏဖြစ်ပေါ်လာသော လေကြောင်းနယ်ပယ်အတွင်း လုံခြုံရေးအန္တရယ်နှင့် စနစ်အဟောင်းများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက်အရေးကြီးသောအရာလဲဖြစ်သည်။

ဤပြောင်းလဲမှုသည် ခေတ်သစ်လေကြောင်းစံနှုန်းများနှင့် ကိုက်ညီရန်အရေးပါသောမဟာဗျူဟာတစ်ရပ်ဖြစ်ပြီးလေကြောင်းနယ်ပယ်အတွင်းရှိတာဝန်ရှိသူများနှင့်ကျွမ်းကျင်သူများမှလည်း ဤပြုပြင်ပြောင်းလဲမှုကိုလုပ်သင့်တာကြာနေပြီဟုမှတ်ချက်များပေးထားကြသည်။