Fold 7 Ultra ဆိုတဲ့မော်ဒယ် မမိတ်ဆက်ပါ..

ပြောချင်တာက Galaxy Z Fold 7 Ultra ဆိုပြီး မော်ဒယ်အသစ်မိတ်ဆက်မှာမဟုတ်ဘဲ ဒီနှစ်ရဲ့ Galaxy Z Fold 7 က Ultra Performance ကို ယူဆောင်လာမှာပါဆိုတဲ့ သဘောပါ။ နားလည်မှုတွေ လွဲကုန်တဲ့သဘော...

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Samsung ကနေ Z fold 7 Ultra ဆိုတဲ့မော်ဒယ်အသစ်ရဲ့ Teaser Video အသစ်တစ်ခုကို ကြေညာလာတာပါ။ အများစုက ဒါက Z series ရဲ့ မော်ဒယ်အသစ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အထင်နဲ့ အမြင်လွဲသွားကြပါတယ်။

အမှန်တော့ ဒီ Teaser video က Z Fold 7 အတွက်ဖြစ်ပြီး Z Fold 7 ကို Ultra Performance တွေနဲ့ ဒီနှစ်မှာ တွေ့မြင်ရမယ်ဆိုတာကို ဖော်ပြခဲ့တဲ့သဘောပါ။ Tipster Max Jambor ကတော့ ဒီလိုဖြစ်သွားတာက Galaxy Fan တွေအတွက် စိတ်လှုပ်ရှားစရာတစ်ခုဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါမှမဟုတ် Ultra Fold မော်ဒယ်အသစ် လာခဲ့မယ်ဆိုရင်လည်း ဒီနှစ်ထဲတော့ လာနိုင်ခြေမရှိသေးပါဘူးလို့ ဆိုပါတယ်။

လာမယ့် ဇူလှိုင်မှာ ကျင်းပဖို့ မျှော်လင့်နေတဲ့ Samsung Galaxy Unpacked ပွဲမှာတော့ ပုံမှန်မိတ်ဆက်နေကြ Fold နဲ့ Flip အပြင် Flip FE မော်ဒယ်အသစ်ကိုပါ မိတ်ဆက်သွားမှာပါ။ လက်ရှိမှာလည်း Flip FE ရဲ့ ဈေးနှုန်းနဲ့ Spec: အချို့လည်း Leak ဖြစ်လာပါပြီ။