ဒီနေ့ မိတ်ဆက်‌ပေးမှာက တာမွေ မြို့နယ်မှာ ဖွင့်ထားတာသိပ်မကြာသေးတဲ့ Foodstop Mix Match Foods ဆိုင်လေးဘဲဖြစ်ပါတယ်။

Street food ဆိုင်လေးဖြစ်တဲ့အတွက် Decoration ကိုတော့ထည့်မပြောတော့ဘူး။ ဆိုင်က ကြက်ကြော်ကို အဓိကထားရောင်းတယ်ပေါ့နော်။ တော်တော်လေးလည်းစုံတယ်။ ကြက်ကြော်၊ ကြက်ကင် အရသာအမျိုးမျိုးရှိတယ်။

မင်မင်တို့ မှာစားဖြစ်တာက...

Korean Spicy Chicken-1200mmk

Korean Spicy Chicken အရသာက နည်းနည်းလေးစပ်တယ်။ အရသာပေါ်တယ်။ အငန်အရသာလေးလည်းနည်းနည်းရတယ်။ ကြွပ်ရွတယ်။ မုန့်နှစ်များပြီး ကြက်သားပျောက်တယ်။

Korean Sweet And Sour Fried Chicken-1200mmk

Korean Sweet And Sour Fried Chicken မှာက ကြက်သားများတယ်။ ချိုချဉ်အရသာလေးတော့ သိပ်မပေါ်ဘူး။ ချိုချိုချဉ်ချဉ်လေးဆို ပိုပြီးစားလို့ကောင်းမယ်လို့ထင်တယ်။

Korean Spicy Grilled Chicken-1200mmk

ဆိုင်မှာက Spicy မစားချင်ဘူးဆိုရင်တောင် အချိုSauce ထည့်ပေးတယ်။ အချိုsauce နဲ့စားတာပိုကောင်းတယ်။ တော်တော်လေးအရသာရှိတယ်။ ကြက်ကင်နံ့လေးကိုလည်းခံစားမိတယ်။

Korean Katsu-1200mmk

Korean Katsu မှာလည်း ကိုယ်လိုချင်တဲ့ sauce ကိုထည့်ခိုင်းလို့ရတယ်။ မင်မင်ကတော့ အစပ်နဲ့စားခဲ့တယ်။ အစပ်ကလည်းအရမ်းစပ်စပ်ကြီးမဟုတ်ဘူး။ ကြက်ကြော်ရဲ့ ကြွပ်ရွမှုနဲ့ အချဉ်ရဲ့ ချဉ်စပ်အရသာလေးကို တော်တော်လေးသဘောကျမိတယ်။

မင်မင် အမြင်ကတော့ Korean Spicy Grilled Chicken နဲ့ Korean Katsu ကိုစားကြည့်ဖို့ recommendပေးချင်တယ်။

FoodStop Mix Match Foods · 40a Thadi Pahtan St, Yangon, Myanmar (Birma)
Restaurant
ဆိုင်လိပ်စာ - ကျားကွက်သစ်နှင့် သတိပဌာန်လမ်းထောင့် အာသောကစျေးအနီး၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09977304646
ဆိုင်ဖွင့်ချိန် - ညနေ(4)နာရီခွဲ မှ ည(8)နာရီ
https://www.facebook.com/profile.php?id=100070830750487