ပဲပြုတ်ထမင်းကြော် စျေးအကြီးဆုံး ဆိုင် (၃)ဆိုင်

ပဲပြုတ်ထမင်းကြော် စျေးအကြီးဆုံး ဆိုင် (၃)ဆိုင်

ပဲပြုတ်ထမင်းကြော်ဆိုတာ မြန်မာလူမျိုးတွေရဲ့ နံနက်စာတွေထဲမှာ လူကြိုက်အများဆုံး အစားအစာတစ်ခုပဲမဟုတ်လား။ ပဲပြုတ်အိအိလေးနဲ့ ကြော်ထားတဲ့ ထမင်းကြော်ပူပူလေးကို ကြက်ဥ half-fried (သို့) ကြက်ဥမွှေကြော်၊ ငရုတ်သီးကြော် (သို့) ငပိကြော်နဲ့သာ ဆွဲလိုက်လို့ကတော့ ဗိုက်ကလေး ဖူလုံသွားပြီပဲ။ ထမင်းကြော်ဟာ ကြက်ကြော်၊ အမဲကြော်၊ ငါးရံ့ခြောက်ဆီဆမ်း၊ အကြော်စုံ စတာတွေနဲ့ရှယ်လိုက်ဖက်သလို ဘယ်ဟင်းနဲ့မဆိုလည်း လိုက်တယ်။

ပဲပြုတ်ထမင်းကြော်ကို တော်တော်များများက အိမ်မှာကြော်စားကြသလို ထမင်းကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မနက်စာရောင်းတဲ့ Restaurant တော်တော်များများမှာလည်း ရောင်းချကြပါတယ်။ ဒီထဲကမှ မင်မင်စားဖူးတဲ့ စျေးအကြီးဆုံး ဆိုင် (၃)ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ် (ဒီထက်စျေးကြီးတဲ့ဆိုင်တွေ ရှိကောင်းရှိနေနိုင်ပါတယ်)

Rangoon Tea House = 9,100 Ks

သူကတော့ စားဖူးသမျှထဲမှာ စျေးအကြီးဆုံးပဲ။ ဘာစမတီဆန်နဲ့ ကြော်ထားတဲ့ ပဲပြုတ်ထမင်းကြော်ကို 9,100 Ks။ Service charges (10%)၊ Tax (5%) ပေါင်းလိုက်ရင် တစ်ပွဲကို 10,511 Ks ဖြစ်သွားပြီ။ မှာပြီး မိနစ် (၂၀)လောက်ကြာတယ်။ သူ့ထမင်းကြော်က နနွင်းမှုန့်ထည့်ထားတော့ ဝါဝါလေး။ ဆီချက်ဖတ်ကလေးတွေနဲ့ ပဲပြုတ်အိအိလေးတွေ။ ကြက်ဥ အကာကြော်ထားတာ ကြွပ်ကြွပ်လေးနဲ့ ငရုတ်ကောင်းဖြူးထားပြီး ငပိကြော်ကလည်း အစိုကြော်လေး။ စားလို့တော့ တကယ်ကောင်းပါတယ်။ RTH ဆိုတဲ့အတိုင်း စျေးကတော့ …😁

My Hill Coffeehouse = 5,300 Ks (ပဲပြုတ်ထမင်းကြော် 3,500 Ks + ကြက်ဥကြော် 1,800 Ks)

သူရဲ့ ထမင်းကြော် ကြော်တဲ့ style ကလည်း RTH အတိုင်းပဲ။ ဒါပေမယ့် သူက ကြက်ဥကြော်သက်သက်မှာရတာ 😁 ထမင်းကြော်အရသာ နည်းနည်းပေါ့တယ်။ ငရုတ်သီးကြော် စပ်စပ်လေးနဲ့ ချဉ်ပေါင်ကြော်ပေးတယ်။ ချဉ်ပေါင်ကြော်က ရိုးရိုးရှင်းရှင်းနဲ့ပဲ။ Service charges (10%)၊ Tax (5%) ပေါင်းလိုက်ရင် တစ်ပွဲကို 6,122 Ks ဖြစ်သွားတယ်

Signature Restaurant = 5,000 Ks

သူကတော့ ဟိုနှစ်ဆိုင်လို နနွင်းနဲ့ကြော်တာ မဟုတ်ဘဲ ပဲငံပြာရည်အနောက်နဲ့ပဲ ကြော်တာ။ ကြက်သွန်နီဆီချက်ဖတ်တွေ သီးသန့်ဖြူးထားတယ်။ ထူးခြားတာ ကြက်ဥ Half fried နှစ်လုံးပေးတယ်။ သူ့ငရုတ်သီးကြော် စပ်စပ်လေးကိုတော့ ကြိုက်တယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်နီဥ အချဉ်စိမ်ထားတာ ပေးတယ်။ ကော်ဖီတစ်ခွက် 10,000-16,000 လောက်ပေးရတဲ့ ဒီဆိုင်မှာ ပဲပြုတ်ထမင်းကြော်နဲ့ ကြက်ဥကြော်နှစ်လုံးကို 5,000 က တန်တယ်ပြောရမယ် 😁။ သူက Service charges (10%)၊ Tax (5%) ပေါင်းလိုက်ရင် တစ်ပွဲကို 5,775 Ks

မိတ်ဆွေတို့ရော ပဲပြုတ်ထမင်းကြော်ကြိုက်လား? ဘယ်ဆိုင်တွေမှာ ဘယ်လိုစားဖြစ်လဲဆိုတာ comment မှာ မျှဝေပေးပါဦး

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ