ဘာအသီးအနှံတွေကဘယ်လိုကောင်းကျိုးတွေပေးနိုင်လဲ

ဘာအသီးအနှံတွေကဘယ်လိုကောင်းကျိုးတွေပေးနိုင်လဲ

အခုလိုအချိန်မျိုးမှာ အာဟာရပြည့်ဝစွာစားပေးဖို့နဲ့ ၊ကျန်းမာစွာနေထိုင်ဖို့ကအရေးကြီးဆုံးပါနော်။ကျန်းမာမှလည်းအခုဖြစ်နေတဲ့ရောဂါပိုးတွေကိုတိုက်ထုပ်နိုင်မှာဖြစ်ပါတယ်။ကျန်းမာစွာစားသုံးရမယ်ဆိုတဲ့နေရာမှာလည်း အသီးအနှံတွေကလည်းအရေးပါလှပါတယ်။ကဲ့ဒီတော့ ဘယ်လိုအသီးအနှံမျိုးတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အရာတွေဖြည့်တင်းပေးနိုင်မလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
လိမ္မော်သီး
လိမ္မော်သီးစားခြင်းက သွေးဖိအားကျဆင်းတာမျိုးတွေ၊ ကိုလက်စထရောကို လျော့ကျစေခြင်း၊ အဆစ်အမြစ်တွေတွေရောင်တာမျိုးတွေ၊ ခန္ဓာကိုယ်တွင်းနာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။ လိမ္မော်သီးမှာပါဝင်တဲ့ဗီတာမင်စီက အစာခြေစနစ်ကိုလည်းအထူးကောင်းမွန်စေပါတယ်။


ရဲယိုသီး
ရဲယိုသီးက ကင်ဆာပိုးတွေကတိုက်ထုပ်တဲ့နေရာမှာအရမ်းကိုအားကိုးလို့ရတဲ့အသီးတစ်မျိုးလို့လည်းပြောလို့ရပါတယ်။သွေးဖိအားကို လျော့ကျအောင်လည်းကူညီပေးပါတယ်။ ခုခံအားကိုကောင်းစေတဲ့အသီးတစ်မျိုးုဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေကိုလည်းသေစေနိုင်ပါတယ်။ရဲယိုသီးက ကာကွယ်ပေးနိုင်တဲ့ရောဂါတွေများသလို အဝင်လည်းနည်းနည်းဆိုးပါတယ်။ အသီးရဲ့အနံ့ကြောင့်  စားချင်စားစဖွယ်မဖြစ်ဘူးဆိုပေမယ့် သူ့ရဲ့အသုံးဝင်ပုံတွေကြောင့် မကြာခဏတော့စားပေးသင့်ပါတယ်။


ဖရုံသီး
ဖရုံသီးကမျက်လုံးကို အားကောင်းအောင်လုပ်ပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပါ။ခုခံနိုင်စွမ်းတိုးစေခြင်း၊ အစာခြေစနစ်ကောင်းမွန်စေတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျဖို့အတွက်အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ အိမ်မှာနေရင် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာစားပေးသင့်ပါတယ်နော်။


သရက်သီး
သရက်သီးက အယ်ကာလိုင်းဓာတ်ပါဝင်တဲ့အတွက် အစားပုံမှန်စားချင်တဲ့စိတ်ဖြစ်ခြင်း၊ ဦးနှောက်နဲ့ကျန်းမာရေးကို အထောက်အကူပြုပေးခြင်း၊ သံဓာတ်မြင့်မားစွာ ပါဝင်ခြင်းဖြစ်တဲ့အတွက်တစ်နေ့တစ်လုံးပုံမှန်စားပေးသင့်ပါတယ်။

Photo Credit - News Today

Kelly - Akhayar Lifestyle

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ