Fuji တောင်နားက Toyota Smart City

Woven City ဟုအမည်ပေးထားသောမြို့ကို ဖူဂျီတောင်ခြေရင်း၌ 2025 ခုနှစ် ဆောင်းဦးတွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး Toyota ကားကုမ္ပဏီမှတည်ဆောက်သည့် Smart City ဖြစ်သည်
175 ဧက ကျယ်ဝန်းသော စက်ရုံဟောင်းတွင်နေရာတွင်တည်ဆောက်ထားပြီး အဆောက်အဦးများကိုရွေ့လျားနိုင်တယ်လို့လဲဆိုထားပါသည်။ရေရှည်တည်တံ့ခိုင်မြဲစေရန် design ဆွဲထားပြီး သဘာဝဘေးအန္တရာယ်ကိုလဲခံနိုင်အောင်တည်ဆောက်ထားတယ်လို့သိရသည်။
ကနဦးတွင် နေထိုင်သူ 100 (အဓိကအားဖြင့် တိုယိုတာဝန်ထမ်း) များကိုဦးစားပေးလက်ခံမည်ဖြစ်ပြီးနောက်တွင် လူဦးရေ 2,000 အထိတိုးလာမည်ဖြစ်သည်။အဓိကအားဖြင့် နည်းပညာအသစ်များကို ဖန်တီးသော တီထွင်သူများနှင့် ၎င်းတို့နဲ့ အတူနေထိုင်သော Weavers အဖွဲ့ဟူ၍နှစ်ဖွဲ့ဖြစ်မည်။
ဟိုက်ဒရိုဂျင်လောင်စာများနှင့် နေရောင်ခြည်စွမ်းအင်များသာအသုံးပြုမည့် Woven City တွင်လျှပ်စစ်ယာဉ်များ (e-Palette)၊Smart Homeများနှင့်အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။ လမ်းသွားလမ်းလာများ၊အနှေးယာဉ်နှင့်အခြားယာဉ်များအတွက်ဆိုပြီးလမ်းအမျိုးအစားသုံးမျိုးပါရှိမည်။
အဆိုပါမြို့သည် အနာဂတ်မြို့ပြနေထိုင်မှုကို အချိန်နှင့်တပြေးညီ စမ်းသပ်ရန် ဒီဇိုင်းထုတ်ထားပြီး Toyota က ၎င်းကို 2026 ခုနှစ်တွင် အများပြည်သူသို့ ချပြရန် စီစဉ်နေပြီး မျိုးဆက်သစ်မြို့များအတွက် စံပြအဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်မိတ်ဆက်သွားမည်ဟုသိရသည်။