Steve Jobs ကိုယ်တိုင် ရေးထားတဲ့ လက်ရေးမူ ကြော်ငြာစာရွက် ဘယ်လောက်တန်လဲ

Apple ရဲ့ဖခင်ကြီးလို့ တင်စားကြတဲ့ Steve ကိုယ်တိုင် ဘောပင်သုံးပြီး ရေးထားတဲ့ လက်ရေးမူ ကြော်ငြာစာရွက်ကို $175,759 နဲ့လေလံတင်ခဲ့တာပါ။

ခုပေါက်ဈေး မြန်မာငွေနဲ့တွက်ရင် သိန်း ၈ထောင်နီးပါး တန်ဖိုးရှိမှာပါ။ကြော်ငြာစာရွက်ထဲမှာ Apple 1 Computer အတွက် Steve ကိုယ်တိုင်ရေးထားတဲ့ ကြော်ငြာစာရယ်၊ Steve ရဲ့လက်မှတ်၊ Contact Information၊ Apple ရယ်လို့အကြီးအကျယ်မအောင်မြင်ခင်က ရုံးခန်းဖွင့်ခဲ့တဲ့ Steve ရဲ့မိဘတွေအိမ်က ကားဂိုဒေါင်လိပ်စာ၊ ဖုန်းနံပါတ်တို့ပါဝင်ပါတယ်။

Ref : indian express