ဂျာမနီမှာ Hydrogen ရထားများအသုံးပြုမည်
ဂျာမနီနိုင်ငံရှိ ခရီးသည်တင်ရထားများကို ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်အသုံးပြုနိုင်ပြီး သန့်ရှင်းသောပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကိုစောင့်ရှောက်ရန်ရည်ရွယ်သည်ဟုသိရသည်။
ဂျာမနီနိုင်ငံတွင်လျှပ်စစ်မရှိသော ရထားလမ်းကြောင်းပေါ်မှာ ဒီဇယ်အင်ဂျင်များနေရာကို အပြည့်အဝ အစားထိုးနိုင်ရန် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခရီးသည်တင်ရထားများကို မိတ်ဆက်ခဲ့သည်။
ခေတ်မီလောင်စာဆဲလ်များအဖြစ် ပြောင်းလဲထားသော ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင် ပါဝင်သည့်အဆိုပါရထားများသည် သန့်စင်သောရေခိုးရေငွေ့များကိုသာထုတ်လွှတ်ကာအန္တရာယ်ရှိပြီးညစ်ညမ်းစေသောဓာတ်ငွေ့များကိုလျော့ကျစေရန်တီထွင်ထားချင်းဖြစ်သည်ဟုသိရသည်။
ဤပြောင်းလဲမှုသည် ဂျာမနီ၏ ရည်မှန်းချက်ဖြစ်သည့်ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော သယ်ယူပို့ဆောင်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လည်းဖြစ်သည်။
ဂျာမနီ၏ ဟိုက်ဒရိုဂျင်ရထားများသည် ဂေဟစနစ်နှင့်လိုက်ဖက်ကာ မကြာမီ ရထားလမ်းခရီးတစ်လျှောက်တွင် တိတ်ဆိတ်ပြီးသာယာလှပသောရှုခင်းများကိုပိုမိုခံစားနိုင်စေမည်လို့လဲသိရသည်။