ဂွါဒီယိုလာရဲ့ အိမ်ထောင်ရေးပြန်လည်ပေါင်းစည်းမှုက မန်စီးတီးအနာဂတ်ကို ထိခိုက်လာနိုင်မလား

ဂွါဒီယိုလာရဲ့ အိမ်ထောင်ရေးပြန်လည်ပေါင်းစည်းမှုက မန်စီးတီးအနာဂတ်ကို ထိခိုက်လာနိုင်မလား

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာ ပြိုကွဲနေတဲ့ သူ့ရဲ့အိမ်ထောင်ရေးကို တဖန်ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားနေပြီး ဒီအကြောင်းအရာက မန်စီးတီးအသင်းရဲ့အနာဂတ်ကို ဘယ်လောက်အထိ သက်ရောက်လာနိုင်မလဲဆိုတာ စောင့်ကြည့်စရာဖြစ်နေပါတယ်။

ဂွါဒီယိုလာနဲ့ ဇနီးဖြစ်သူဆာရာတိုရဲ့ သက်တမ်းနှစ်(၃၀)ကြာအိမ်ထောင်ရေးဟာ အဆုံးသတ်ပြိုကွဲခဲ့ပြီဖြစ်ကြောင်း အခုနှစ်အစောပိုင်းက သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အဝတ်အစားဖက်ရှင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဆာရာဟာ ဂွါဒီယိုလာနဲ့ ၁၉၉၄ ခုနှစ်မှာ စတင်တွေ့ဆုံအကြောင်းပါခဲ့ပြီး နောက်(၁၀)နှစ်အကြာ ၂၀၁၄ ခုနှစ်မှာတော့ သူတို့နှစ်ဦးရဲ့လက်ထပ်ပွဲကို တခမ်းတနားကျင်းပခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းကို ဂွါဒီယိုလာ ရောက်ရှိလာခဲ့ပြီးနောက် သူတို့ အိမ်ထောင်ရေးဟာ အက်ကြောင်းထင်လာခဲ့ပြီး အင်္ဂလန်မှာ မနေထိုင်လိုတဲ့ဆာရာဟာ ၂၀၁၉ ခုနှစ်မှာ အငယ်ဆုံးသမီး ဗယ်လန်တီနာ(၁၇ နှစ်)ကို ခေါ်ဆောင်ကာ ဘာစီလိုနာမြို့ကို ပြန်သွားခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီလထဲမှာ ထွက်ပေါ်ခဲ့တဲ့သတင်းတွေမှာတော့ ဆာရာနဲ့ ဂွါဒီယိုလာအကြား အိမ်ထောင်ရေးအဆုံးသတ်သွားပြီဖြစ်ကြောင်း၊ မန်စီးတီးအသင်းမှာ ဆက်ရှိနေဖို့ ဂွါဒီယိုလာက ဆုံးဖြတ်ခဲ့ပြီး အသင်းနဲ့(၂)နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့တာက သူတို့ရဲ့အိမ်ထောင်ရေးပြိုကွဲဖို့ အဓိကအကြောင်းအရာတစ်ခုဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

အခု ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ အီစတာပွဲတော်ကာလအလွန်မှာ စပိန်နိုင်ငံဘာစီလိုနာမြို့ကို ပြန်ခဲ့ပြီး သူတို့မိသားစုနေအိမ်မှာ နေထိုင်ခဲ့ကြောင်း၊ သူနဲ့ဆာရာတို့ ပြန်လည်လက်တွဲပြီး မိသားစုအတူ ပေါင်းစည်းဖို့ ကြိုးစားနေကြောင်း ကတ်တလန်အခြေစိုက်သတင်းစာ El Nacional က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ မိသားစုကို ပြန်အာရုံထားလာပြီး ဆာရာအလိုကျ ဘာစီလိုနာကို ပြန်တော့မလားဆိုတာလည်း တွေးစရာဖြစ်လာပါတယ်။ ဒီရာသီမှာ ထင်တိုင်းမပေါက်ဘဲ ကျဆင်းတဲ့ရာသီတစ်ခုကို ရင်ဆိုင်ရပြီးနောက်မှာ မန်စီးတီးနည်းပြဘ၀ကို ဂွါဒီယိုလာစွန့်လွှတ်တော့မလား ... စာချုပ်သစ်အတိုင်း ၂၀၂၇ ခုနှစ်အထိ အသင်းမှာ မနေတော့ဘဲ မိသားစုအတူပေါင်းစည်းရေးအတွက် ဘာစီလိုနာကို ပြန်မလားဆိုတာ မန်စီးတီးပရိသတ်တွေအတွက် စိုးရိမ်စရာပါပဲ။

အခုအချိန်အထိတော့ ဂွါဒီယိုလာရော၊ ဆာရာပါ သူတို့ရဲ့ချစ်သက်သေဖြစ်တဲ့လက်ထပ်လက်စွပ်ကို မချွတ်တမ်းဝတ်ဆင်ထားတာကလည်း သူတို့နှစ်ဦးကြားမှာ သံယောဇဉ်ကြိုးမပြတ်တောက်သေးဘဲရှိနေတယ်ဆိုတာ ပြသရာရောက်ခဲ့ပါတယ်။

Read more

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းက ထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ အသင်းဖော်ညာနောက်လူ အာနိုးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာ

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

မြန်မာလိုဆိုရင် အနီးစပ်ဆုံး ပေါ့ပေါ့ပါးပါး ဒိတ်တင်းလုပ်ခြင်းလို့ ဘာသာပြန်နိုင်တဲ့ “Casual Dating” ဆိုတာ ဒီခေတ်မှာ ပိုပိုပြီးမြင်ရ ကြားရလာပါတယ်။ အတည်ရည်းစားမဟု