ဂြိုလ်တုနဲ့ တိုက်ရိုက်ချိတ်ဆက်နိင်မယ့် function ပါလာနိုင်တဲ့ Xiaomi 17 Ultra
Xiaomi 17 series အကြောင်းက မပြီးသေးပါဘူး။ 2026 ခုနှစ် အစောပိုင်းမှာ ထွက်ရှိနိုင်တဲ့ Xiaomi 17 Ultra အကြောင်းတွေထပ်မံ ထွက်ပေါ်လာနေပါပြီ။ Xiaomi 17 Ultra မှာ ကင်မရာပိုင်း အနည်းငယ် အဆင့်မြှင့်တင်ထားမယ်လို့ သိရပါတယ်။
အခု တရုတ်နိုင်ငံ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က Xiaomi 17 Ultra အတွက် တိုက်ရိုက် ဂြိုလ်တုချိတ်ဆက်မှု အသုံးပြုခွင့် ပေးလိုက်တယ်လို့ သတင်းထွက်လာပါတယ်။ တရုတ်နိုင်ငံရဲ့ Radio Certification database က ဒီစက်ကို 25128PNA1C မော်ဒယ်နံပါတ်နဲ့ အတည်ပြုပေးခဲ့တာပါ။ ဒါက ပုံမှန်မော်ဒယ် မဟုတ်ဘဲ Tiantong-1 နဲ့ Beidou ဂြိုလ်တုချိတ်ဆက်မှု ပံ့ပိုးတဲ့ မော်ဒယ် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အသုံးပြုသူတွေက ဂြိုလ်တုဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်သလို ဂြိုလ်တုမက်ဆေ့ခ်ျတွေ ပို့/လက်ခံနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက် တစ်ခုရှိပါတယ်။ ခွင့်ပြုချက်မှာ ပါတဲ့ မော်ဒယ်နံပါတ် 25128PNA1C ဟာ စက်တင်ဘာလက တွေ့ခဲ့တဲ့ နံပါတ်နဲ့ မတူပါဘူး။ ဒါက တရုတ်နိုင်ငံအတွက်သာ ဂြိုလ်တုချိတ်ဆက်မှုပါတဲ့ မော်ဒယ်တစ်ခု ဖြစ်နိုင်သလို၊ China နဲ့ Global မော်ဒယ်နှစ်မျိုး ထွက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် UWB (Ultra-Wideband) နည်းပညာကိုလည်း ပံ့ပိုးမယ်လို့ ဖော်ပြထားပြီး၊ ဒါဟာ Xiaomi ရဲ့ flagship ဖုန်းတွေအတွက် နည်းပညာအသစ်တစ်ခု ဖြစ်ပါတယ်။
အခုချိန်မှာတော့ အတိအကျ ပြောဖို့ စောသေးတာကြောင့် လာမယ့်ရက်သတ္တပတ်တွေ၊ လတွေမှာ Xiaomi 17 Ultra အကြောင်း သတင်းအသစ်တွေ ထပ်မံစောင့်ကြည့်ကြရပါအုံးမယ်။
Discussion