ဂျပန်စာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အလုံက နိဗ္ဗာန်ဘုံလေး

ဂျပန်စာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အလုံက နိဗ္ဗာန်ဘုံလေး

ကဲ… ဒီနေ့မှာတော့ ဂျပန်စာလည်း စားချင် ဘယ်ဆိုင်သွားရမလဲလည်း ဝေခွဲမရဖြစ်နေတဲ့ သူတွေအတွက် admin သွားခဲ့တဲ့ ဂျပန်စာဆိုင်လေး အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။အဲ့ဒါကတော့ Shin Chan Japanese Cuisine ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။

ဒီဆိုင်လေးကလေ နည်းနည်းလေး ကျဉ်းတယ်ဆိုပေမယ့် သူ့ရဲ့ vibeလေးနဲ့ အစားအသောက်တွေကတော့ တစ်ကယ် ရှယ်ပဲနော်။နောက်တစ်ခုကတော့ ဆိုင်က အစ်ကိုတွေရော စာဖိုမှုးကအစ အရမ်းကို ဖော်ရွေတဲ့ အချက်လေး။ဆိုင်တစ်ဆိုင် သွားရင် အစားအသောက်ပဲ မဟုတ်ဘဲ ဆိုင်ရဲ့ ဝန်ဆောင်မှုကိုပါကြည့်တတ်တဲ့ admin လို လူတွေ အတွက်ကတော့ ဒီဆိုင်လေးက တစ်ကယ်ကို ကွက်တိကျတယ်လို့ ပြောလို့ရတယ်။ဆိုင်လေးက ၂ထပ်ကိုမှ အပေါ်ထပ်မှာဆို အခန်းလေးလည်း ရှိတာမလို့ သူငယ်ချင်း,မိသားစုတွေနဲ့ အေးအေးဆေးဆေး လာချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေပါတယ်။ရွေးချယ်စရာ menu တွေကလည်း အစုံအလင်ပဲနော်။ admin ကတော့ ဒီနေ့ စားခဲ့သမျှ အကုန်နီးပါးကြိုက်လွန်းလို့ နောက်တစ်ခေါက် သွားစားဖို့ပါ အစီအစဉ်ဆွဲပြီးသွားပါပြီ။

ပြီးတော့ သူ့ဆီမှာက အပတ်တိုင်း special menu ဆိုပြီးလည်း ရှိတာမလို့ မသွားခင် Page ထဲမှာ ဝင်ကြည့်လို့ ရတယ်နော်။comment box မှာ Page link လေးရှိပါတယ်။

နောက် chef ကလည်း ဂျပန်မှာ နှစ် ၃၀ တောင် လုပ်ခဲ့တာဆိုတော့ အရသာကတော့ ပြောစရာ မလိုအောင်ကို ကောင်းပြီးသားပဲ။ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ အရသာက တန်တာမလို့ ဂျပန်စာကြိုက်တဲ့ သူတွေဆို သွားကို သွားကြည့်ကြဖို့ ပြောချင်ပါတယ်။

https://www.facebook.com/shinchan1989

Shin Chan Japanese Cuisine · no.33 Aye St, Yangon, Myanmar (Birma)
★★★★☆ · Japans restaurant
ဆိုင်နာမည်- Shin Chan Japanese Cuisine
ဆိုင်ဖွင့်ချိန်-11:00 AM ~10:00 PM( Last Order - 8:30 PM)
ဆိုင်လိပ်စာ-No.33 , Aye Street, Ahlone Tsp, Near Lucky-seven Tea Shop
ဆက်သွယ်ရန် ဖုန်း- 09-940778839 , 09-940778836

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ