ဂျပန်နိုင်ငံက ကမ္ဘာ့စံချိန်နောက်တစ်မျိုးထပ်မံချိုးဖျက်လိုက်ပြီ။ 2024 ခုနှစ် မတ်လတွင် National Institute of Information and Communications Technology (NICT) သည် ပုံမှန် optical fiber ကို အသုံးပြု၍ တစ်စက္ကန့်လျှင် 402 terabits (Tbps) အင်တာနက်အမြန်နှုန်းအထိအသုံးပြုနိုင်တယ်လို့စမ်းသပ်အောင်မြင်ခဲ့သည်။
၎င်းသည် အိမ်သုံးအင်တာနက်ချိတ်ဆက်မှုအများစုထက်အဆ 1,000 ပိုမြန်သည်၊အများစုကတော့တစ်စက္ကန့်လျှင် megabits နှုန်းဖြင့်သာအလုပ်လုပ်သည်။
ဤစံချိန်ကို network အင်ဂျင်နီယာ Ben Puttman က မျှဝေခဲ့ပြီး 2021 ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ယခင်အကောင်းဆုံး 319 Tbps စံချိန်နှင့် 2020 ခုနှစ်တွင် University College London မှ 178 Tbps စတဲ့ စံချိန်တို့ကိုကျော်ဖြတ်ခဲ့နိုင်ခဲ့သည်။
လက်ရှိတွင် အများသူငှာရရှိနိုင်သည့် အမြန်ဆုံးပျမ်းမျှအင်တာနက်အမြန်နှုန်းမှာ UAE တွင်ဖြစ်ပြီး 291.85 Mbps အထိရှိကာ စင်ကာပူနှင့်ဟောင်ကောင်တို့ကနောက်တွင်အသီးသီးရပ်တည်နေသည်။UK တွင်ရနိုင်သော အကောင်းဆုံးမှာ gigabit အင်တာနက် (1 Gbps) ဖြစ်သော်လည်း တစ်နိုင်ငံလုံးပျမ်းမျှအနေနဲ့ကတော့110.99 Mbps သာရှိသည်။British Indian Ocean Territory ကဲ့သို့အချို့သောဧရိယာများသည် 2.38 Mbps သာ ရှိသည်။
ဂျပန်၏မှတ်တိုင်အသစ်ဖြစ်သောအင်တာနက်မြန်နှုန်းကိုလျှပ်စီးလက်သည့်ပမာလို့ပင်တင်စားထားသည်။
Discussion