Date လို့ကောင်းပြီး ကိုယ့်ချစ်သူလေးကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးလို့ရတယ့်နေရာလေး

Date လို့ကောင်းပြီး ကိုယ့်ချစ်သူလေးကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးလို့ရတယ့်နေရာလေး

Date လို့ကောင်းတယ့်နေရာဆိုလည်းဟုတ်တယ်၊ ကိုယ့်ချစ်သူလေးကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးလို့ရတယ့်နေရာလေးလည်းဖြစ်တယ်???ဒီတခေါက်ဆိုင်လေးကတော့ "GA Cafe" ဆိုတယ့်ဆိုင်လေးဖြစ်ပါတယ်။ cafe နားလေးမရောက်ခင် လှမ်းပြီးတွေ့နေရတာ ပန်းခြံလေးထဲကဆိုင်လေးတစ်ဆိုင်လိုဘဲ

။ပန်းတွေလည်းရောင်စုံနဲ့၊ဆိုင်အတွင်းထဲမှာဆိုရင်လည်း ပန်းချီတွေရယ်​ အပြင်အဆင်လေးတွေက instagram မှာတွေ့နေကြ cafe လှလှလေးတွေလို ဓာတ်ပုံရိုက်လို့တော်တော်လှတယ်။ဆိုင်ကလည်းနေရာကျယ်တော့ decoration ပိုင်းလေးကိုသဘောကျတယ်ဖွင့်ထားတယ့်နေရာကလည်းအတွင်းပိုင်းလေးကျတော့ တိတ်ဆိတ်တယ်။မင်မင််တို့သွားတယ့်နေ့ကတော့ ပွဲတော်ရက်လေးဖြစ်လို့လူများတာနဲ့ ပုံလေးတွေတောင်သိပ်မစုံချင်ဘူးရယ်။

အစားအသောက်အနေနဲ့menu လေးထဲအများကြီးမရှိသေးပေမယ့် စုစုပေါင်း4မျိုးစားခဲ့တယ်။Chicken steak ကတော့စားလို့ကောင်းတယ်၊အနံ့ရောအရသာရော အိအိမွှေးမွှေးလေး။cake လေးကလည်း စားလို့ကောင်းပေမယ့်မင်မင်အရမ်းတော့မကြိုက်ဘူး။Cappucino Tasteလည်းမင်မင့်အတွက်တော့ပုံမှန်လိုဘဲ ထူးထူးခြာခြားတော့မဖြစ်နေဘူး။နောက်တစ်မျိုး strawberry Soda ရဲ့အရသာက ချိုချိုချဥ်ချဥ်လေးပေါ့၊နေပြင်းတယ့်နေတွေဆိုကွက်တိဘဲ လန်းဆန်းသွားတယ်။menuအသစ်လေးတွေလည်းထပ်တိုးဖို့ရှိပါတယ်တယ့်။

ဆိုင်ရဲ့အတွင်းရောအပြင်ရောဓာတ်ပုံရိုက်လို့ကောင်းတာရယ်၊Date လုပ်ဖို့ကောင်းတာရယ်ကတော့အသေအချာဘဲ(သူငယ်ချင်းတွေနဲ့သွားလို့မရဘူးလားဆိုတော့ အဲ့လိုမဟုတ်ပါဘူးလို့သွားလို့ရပါတယ်။

GA Cafe · Q5P7+65X, Kan Taw Ka Lay (South) Ward, Yangon (Mingalar Taung Nyunt)/ မင်္ဂလာတောင်ညွန့်မြို့နယ်, Yangon, Myanmar (Birma)
★★★★☆ · Koffiebar

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်