ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖို့အတွက် တိုရီနိုအသင်းမှာ ကစားနေတဲ့ ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့ဂိုးသမားနှစ်ဦးဖြစ်တဲ့ ကင်မရွန်းဂိုးသမားအိုနာနာနဲ့ တူရကီဂိုးသမား ဘယင်ဒါတို့ဟာ အမှားအယွင်းတွေများပြီး လက်စွမ်းပိုင်းမတည်ငြိမ်တာကြောင့် အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမတိုင်မီ ဂိုးသမားသစ်ခေါ်ယူနိုင်ဖို့စီစဉ်နေတာပါ။

အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက မန်ယူနိုက်တက်အသင်းဟာ အိုးထရက်ဖိုဒ့်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တဲ့ ဆားဘီးယားဂိုးသမား မီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ဂိုးသမားစာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ မီလင်ကိုဗစ်ဆာဗစ်ကို ပြန်ခေါ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေကို စတင်ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မီလင်ကိုဗစ်ဆာဗစ်ဟာ အသက်(၁၇)နှစ်အရွယ်မှာ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပေမယ့် တစ်ရာသီကြာသာရှိခဲ့တာပါ။ မီလင်ကိုဗစ်ဆာဗစ်ဟာ အလုပ်လုပ်ခွင့်ပါမစ်အခက်အခဲကြောင့် မန်ယူနိုက်တက်အသင်းကြီးအတွက် တစ်ပွဲမှ ပါဝင်ကစားခွင့်မရဘဲ ပြန်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ မီလင်ကိုဗစ်ဆာဗစ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက တိုရီနိုအသင်းမှာရှိခဲ့ပေမယ့် စပဲလ်၊အက်စ်ကိုလီ၊စတန်းဒတ်လိဂ်အသင်းတွေမှာ အငှားသွားရောက်ကစားခဲ့ရတာပါ။

တိုရီနိုအသင်းအတွက် ဒီရာသီစီးရီးအေပြိုင်ပွဲမှာ (၁၀)ပွဲပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တဲ့ မီလင်ကိုဗစ်ဆာဗစ်ဟာ ရာသီကုန်မှာ ထွက်ခွာဖွယ်ရှိနေပြီး သူ့ကိုခေါ်ယူဖို့ စီးရီးအေကလပ်အသင်းအများအပြားကလည်း စိတ်ဝင်စားနေပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့ဂိုးသမားပစ်မှတ်ထဲမှာ မီလင်ကိုဗစ်ဆာဗစ်အပြင် ဖရန့်ဖတ်အသင်းဂိုးသမား ဆန်းတို့စ်နဲ့ လိုင်လီအသင်းဂိုးသမား ချီဗာလီရာတို့လည်းပါဝင်နေတာဖြစ်ပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ