Gmail သုံးစွဲသူတွေအတွက် သတင်းကောင်းပါပဲ။ ကိုယ့်ရဲ့ Inbox ထဲမှာ ကြော်ငြာ Mail တွေ၊ Subscribe လုပ်ထားပြီး မဖတ်ဖြစ်တော့တဲ့ Mail တွေနဲ့ ရှုပ်နေလို့ စိတ်ညစ်နေပြီလား။ Google က အဲ့ဒီပြဿနာကို ဖြေရှင်းပေးမယ့် "Manage Subscriptions" ဆိုတဲ့ Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။
ဒီ Feature အသစ်က သင် Subscribe လုပ်ထားတဲ့ အီးမေးလ်လိပ်စာတွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးမှာပါ။ ဘယ်သူက အီးမေးလ်အများဆုံး ပို့နေလဲဆိုတာကို ကြည့်ပြီး မလိုချင်တော့တဲ့လိပ်စာတွေကို "Unsubscribe" ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် ဝက်ဘ်ဆိုက်တွေထဲဝင်ပြီး Unsubscribe link လိုက်ရှာနေစရာမလိုတော့ပါဘူး။
ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ နေ့စဉ်အီးမေးလ် ၈၀ ကျော် လက်ခံနေရပြီး အများစုဟာ မလိုအပ်တဲ့ ကြော်ငြာတွေဖြစ်နေတတ်ပါတယ်။ ဒီ Feature က အဲဒီလို Email Overload ပြဿနာကို ဖြေရှင်းဖို့ အဓိကရည်ရွယ်ထားတာပါ။
ဘယ်တော့ စသုံးလို့ရမလဲ?
Web (ကွန်ပျူတာ): ဇူလိုင် ၈ ရက်နေ့ကတည်းက စတင်အသုံးပြုနိုင်နေပါပြီ။
Android: ဇူလိုင် ၁၄ ရက်နေ့မှာ စတင်ရရှိပါမည်။
iOS (iPhone/iPad): ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ရရှိပါမည်။
Google က သုံးစွဲသူအားလုံးဆီ ဒီ Feature ရောက်ရှိဖို့ ၁၅ ရက်ခန့်ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။
Gmail ထဲက မလိုချင်တဲ့ Mail တွေကို တစ်ချက်နှိပ်ရုံနဲ့ ရှင်းထုတ်နိုင်မယ့် Feature အသစ်
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion