Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွေလို့ပဲ အလွယ်ပြောရမလား) 

လက်ရှိသတင်းတွေအရကတော့ Xiaomi ရဲ့ HyperOS 3 က Google ရဲ့ Ecosystem ကနေ တဖြည်းဖြည်းကွဲထွက်သွားဖို့ အလားအလာရှိနေတယ်လို့ ပြောရမှာပါ။ နောက်ပြီး Huawei နဲ့ပူးပေါင်းမှုကလည်း Huawei ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS Next ရဲ့ အောင်မြင်မှုကြောင့်လို့ပဲ အများစုက မှတ်ချက်ပေးထားကြပါတယ်။ 

ပူးပေါင်းမှုအကြောင်းကို Huawei ဘက်က ဘာမှထုတ်ပြန်လာခြင်းတော့မရှိသေးပါဘူး။ စမတ်ဖုန်းရောင်းအားအချက်အလက်တွေအရဆို Xiaomi က တရုတ်နိုင်ငံရဲ့ ဖုန်းထုတ်လုပ်မှုအကြီးဆုံးဖြစ်ပြီး ဒုတိယအနေနဲ့ Huawei ကရှိနေပါတယ်။ သူတို့နောက်မှာတေ့ Vivo, Oppo, OnePlus တို့ ရှိမယ်ပေါ့။ 

အကယ်၍သာ Xiaomi အပါအဝင် တရုတ်မှာထုတ်တဲ့ Android ဖုန်းအချို့က Google Service မပါဝင်ဘဲ ကိုယ်ပိုင် OS တွေနဲ့သာ ထွက်လာခဲ့မယ်ဆိုရင် စမတ်ဖုန်းဈေးကွက်အတွင်း ကြီးမားတဲ့ပြောင်းလဲမှုတွေကို တွေ့မြင်ရမှာတော့ အမှန်ပါပဲ...