Google Cloud Outage ကြောင့် Spotify, Discord, Snapchat တို့ သုံးမရခဲ့

ကြာသပတေးနေ့တုန်းက ကြီးမားတဲ့ Google Cloud Outage တစ်ခုကြောင့် Google နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေတော်တော်များများ တစ်ပြိုင်နက်တည်း ရပ်နားသွားခဲ့ပါတယ်။ Spotify, Discord, Snapchat, Character.AI တို့အပါအဝင် လူသုံးများတဲ့ App တွေကလည်း ထိခိုက်သွားကြပါတယ်။ (သတိထားမိလိုက်ကြလားခင်ဗျာ...)

Cloudflare, Cursor, Replit တို့လို နာမည်ကြီး ဝန်ဆောင်မှုတွေလည်း Google Cloud ကို အခြေခံထားကြတာမို့ ဒီ Outage ကြောင့် တစ်ပါတည်း ပြဿနာတက်ခဲ့ကြတာပါ။ Spotify မှာ သီချင်းဖွင့်လို့မရတာတွေ Discord နဲ့ Character.AI တွေမှာ Text နဲ့ ပတ်သက်တာတွေ သုံးမရတာတွေ ဖြစ်ခဲ့ပြီး Cursor, Replit တို့မှာ Coding ပိုင်းတွေ အလုပ်မလုပ်နိုင်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

DownDetector မှာတော့ App တွေ မလုပ်နိုင်ဘူးဆိုပြီး တိုင်ကြားချက်တွေလည်း တစ်ပြိုင်တည်း တက်လာကြပါတယ်။ နေ့လယ်ပိုင်း အလုပ်လုပ်နေကြတဲ့ အတောအတွင်းဖြစ်ခဲ့တာမို့ တော်တော်လေးပွက်လောရိုက်သွားတယ်လို့လည်း ပြောရမှာပါ။

Cloudflare spokesperson က “ဒီဟာ Google Cloud Outage ဖြစ်ပါတယ်၊ Cloudflare core services မထိခိုက်ဘူး” ဆိုပြီးလို့တော့ ပြောကြားထားပါတယ်။ AWS နဲ့ Microsoft Azure ကလည်း သူတို့ဝန်ဆောင်မှုတွေမှာ ပြဿနာမရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

Google ဘက်ကတော့ Cloud service တွေရဲ့ outage တွေကို နာရီအနည်းငယ်အတွင်း ရှင်းလင်းနိုင်ခဲ့ကြောင်း ပြန်လည်ကြေညာခဲ့ပါတယ်။ မိတ်ဆွေတို့ရော ဘယ် App တွေ Error ဖြစ်သွားသေးလဲ ၊ သတိထားမိခဲ့လားဆိုတာ ပြောပြခဲ့ပါဦး...