တစ်နှစ်ကုန်တော့မယ်ဆိုတော့ Google ကလည်းတစ်နှစ်အတွင်း သူရဲ့ Platform ကနေရလာတဲ့ Result တွေကိုအခြေခံပြီး Statistics တွေထုတ်ပြန်ချိန်ရောက်လာပြီဖြစ်ပါတယ်။ ဒီထဲကမှ ဒီနှစ်ရဲ့ Google Chrome အတွက်အကောင်းဆုံး Extension တွေကို ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ Extension တွေကို productivity, focus, gaming, viewing နဲ့ learning ဆိုပြီး ခေါင်းစဥ်ခွဲပေးလေ့ရှိပါတယ်။

1.Tango

ဒီကောင်က Chrome က Website တစ်ခုကို အစအဆုံး How to Guide ဖြစ်အောင်ဖန်တီးပေးတဲ့ Extension ပဲဖြစ်ပါတယ်။ Guide ကို Video ပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ်ကြိုက်သလို Export လုပ်လို့လည်းရပါတယ်။

2.SwiftRead

အွန်လိုင်းကနေ စာဖတ်သူကို သာမန်ထက် ပိုမြန်မြန်ဖတ်နိုင်အောင် ကူညီပေးတဲ့ Chrome Extension ပဲဖြစ်ပါတယ်။

3. Liner

Web Highlighter လို့လူသိများပြီး Online မှာကိုယ်ရှာထားတဲ့ Result တွေ၊ Review တွေကြားထဲက ကိုယ်နဲ့အသင့်တော်ဆုံး ဖြစ်မယ်ထင်တာကို ရွေးချယ်ပြီး ပြပေးနိုင်လို့ Online Shopping သမားတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

4. Compose AI

AI ကိုအသုံးပြုပြီး စာရေးတာတွေမှာ ကူညီပေးမယ့် AI Writing Assisstance Extension ပဲဖြစ်ပါတယ်။ ဒါကြောင့် Email တွေတစ်ရက်ရက် မူးနောက်နေအောင်ပို့ရသူတွေ၊ စာရေးနေသူတွေအဆင်ပြေမယ့် Extension ပဲဖြစ်ပါတယ်။ (မြန်မာလို့တော့ Support ပေးမှာမဟုတ်ပါဘူး)

5. myBib: Free Citation Generator

Literature လုပ်နေတဲ့ကျောင်းသားတွေဆိုရင် Citation Generator တွေကအရေးကြီးမှန်းသိမှာပါ။ ဒီကောင်လေးကို Chrome မှာထည့်ထားလိုက်ယုံနဲ့ Free Unlimited Citation ထုတ်ပေးလို့ ကျောင်းသားတွေအတွက် ဆောင်ထားသင့်တဲ့ Extension ပဲဖြစ်ပါတယ်။