Google ရဲ့ ပထမဆုံး Android XR (Augmented Reality) စနစ်သုံး မျက်မှန်ကို တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီသစ် Xreal က ထုတ်လုပ်ပေးနေပါတယ်။
"Project Aura" လို့ အမည်ပေးထားတဲ့ ဒီ AR မျက်မှန်ကို ၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ်လောက်မှာ အများပြည်သူ အသုံးပြုနိုင်အောင် ဈေးကွက်တင်သွားဖို့ ရည်မှန်းထားကြောင်း Xreal ရဲ့ ပူးတွဲတည်ထောင်သူက ပြောကြားခဲ့ပါတယ်။
ဒီစီမံကိန်းဟာ Apple နဲ့ Meta တို့ရဲ့ ထုတ်ကုန်တွေကို ယှဉ်ပြိုင်ဖို့အတွက် Google ရဲ့ ဒုတိယမြောက် XR ကြိုးပမ်းမှု ဖြစ်ပါတယ်။ Google က သူ့ရဲ့စမတ်ဖုန်းမဟာဗျူဟာအတိုင်း Operating System ဖြစ်တဲ့ Android XR ကို ပံ့ပိုးပေးပြီး Xreal လို ဟာ့ဒ်ဝဲထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
ဒီမျက်မှန်ရဲ့ မြင်ကွင်း (Field of View) ဟာ ၇၀ ဒီဂရီထက် ကျယ်ဝန်းပြီး Qualcomm Snapdragon chipset နဲ့ Xreal ရဲ့ ကိုယ်ပိုင် XR-optimised X1S chip တို့ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Google ရဲ့ Android XR စနစ်သုံး AR မျက်မှန်ကို ထုတ်လုပ်ပေးနေတဲ့ တရုတ် Startup
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion