Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။ 

Google ကနေ အသစ်ထွက်ရှိလာတဲ့ Snapseed 3.0 update က iPhone နဲ့ iPad တွေအတွက် ရည်ရွယ်ပြီး ထုတ်ပေးထားတာပါ။ နောက်ပြီး ဒီပြောင်းလဲမှုက 2021 ခုနှစ်မှာ dark mode ထည့်သွင်းပြီးကတည်းက iOS ပေါ်က ပထမဆုံးအကြီးစား အပ်ဒိတ်ဖြစ်တယ်လို့လည်း ဆိုထားကြပါသေးတယ်။ ကြားထဲမှာ Minor update လေးတွေတော့ ရှိတယ်ပေါ့လေ။ 

Snapseed ကို မူလပထမ စစချင်းသုံးနိုင်ခဲ့တာက iOS only ပါပဲ။ Google ကနေ 2012 ခုနှစ်မှာ Instagram နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက်ဆိုပြီး Snapseed ကို ဝယ်ယူခဲ့ပြီးတော့ Android Version အနေနဲ့ ဖန်တီးပေးခဲ့တဲ့အပြင် App ကို အခမဲ့သုံးနိုင်အောင်ပါ ပြုလုပ်ပေးခဲ့တာပါ။ 

အသစ်ထွက်ရှိလာတဲ့ 3.0 Update က iOS ပေါ်မှာ Tools တွေ အပြောင်းအလဲအဖြစ် မြင်တွေ့ရမှာပါ။ User တွေ သုံးကြည့်ပြီးပြီဆိုရင်တော့ ဘာတွေထူးခြားနေလဲဆိုတာ ပြောပြပေးခဲ့ပါဦး။ တစ်ခုရှိတာက ဒီ Update အသစ်ကို iOS အတွက်လို့ပဲ ပြောထားပြီး Android အတွက် ရမရကိုတော့ Google ဘက်က ပြောလာခြင်းတော့မရှိသေးပါဘူး။ 

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) PSG - အက်သလက်တီကိုမက်ဒရစ် (16 June 2025/ 1:30 am) PSG အသင်းက လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းဖြစ်ပေမယ့် ဒီပြိုင်