Google Tensor G5ရဲ့အချက်အလက်များထွက်လာ

Android Authority ဖော်ပြချက်များအရ လာမည့် Pixel 10 စီးရီးတွင်ပါဝင်လာမည့် Tensor G5 chipset အကြောင်းသိရှိလာရပြီးဖော်ပြချက်တွင် G5 ကို Google မှဒီဇိုင်းထုတ်မည်ဖြစ်သည်။Samsung အစား TSMC မှပြုလုပ်ထားသည်ဟု ယခင်ပြောဆိုချက်များကိုခိုင်လုံစွာအတည်ပြုထားပြီးလာမည့်chip တွင်ပါဝင်မည့်အချက်အလက်များကိုပါဖော်ပြလာခဲ့သည်။

Tensor G5 ကို TSMC ၏ 3nm-class node နှင့်ထွက်လာမည်ဖြစ်ပြီး Google ​၏Arm Cortex CPU cores ကို အသုံးပြုလာမည်။G5၏ကြီးမားသော ထူးခြားချက်မှာ Tensor G4 မှ Arm Mali-G715 MP7 ကိုအစားထိုးသည့် IMG DXT ဟုခေါ်သော Imagination Technologies GPU ကိုရွေးချယ်ထားသည်။Tensor chipများကိုပြောင်းပြီးကတည်းက Google သည် ၎င်း၏ Pixel ဖုန်းများ​၏ ISP ကိုစိတ်တိုင်းမကြရာကနေ ယခုပြောင်းလဲမှုမှာတော့ ကင်မရာအတွက်ကြီးမားသောပြောင်းလဲမှုဖြစ်လာမည်ဟုဆိုထားသည်။

Media ပိုင်းတွင် “BigWave” ဗီဒီယိုကုဒ်ဒက်နှင့် Samsung ၏ MFC (Multi Format Codec) တို့အစား AV1၊ VP9၊ HEVC နှင့် H.264 format များပြောင်းလဲခြင်းနှင့်အတူ Chips&Media အတွက် WAVE677DV ကိုအသုံးပြုမည်ဖြစ်သည်။

Tensor G5 သည် Third-party USB၊ PCIe နှင့် I3C အစိတ်အပိုင်းများအပြင် DSI (display)၊ DisplayPort၊ storage နှင့် memory အတွက် (LPDDR5x) third-party interfaces များပါ၀င်မည်ဖြစ်သည်။