Gotham Knights မှာ Batman မပါဝင်တော့ဘူးဆိုတဲ့အကြောင်းကို Warner Bros. ကအတည်ပြုပေးလိုက်ပြီ

Gotham Knights မှာ Batman မပါဝင်တော့ဘူးဆိုတဲ့အကြောင်းကို Warner Bros. ကအတည်ပြုပေးလိုက်ပြီ

Gotham Knights ကိုလွန်ခဲ့တဲ့ရက်အနည်းငယ်က DC Fandome ကနေ မိတ်ဆက်ပေးခဲ့ပါတယ်။ Batman: Arkham Knights ပြီးတော့ အချိန်အတော်ကြာမှ ပြန်ထွက်လာခဲ့တဲ့ Gotham Knights မှာ Trailer စ တာနဲ့ Bruce Wayne က မသေခင်မှာထားခဲ့တဲ့စကားတွေနဲ့အတူ Batman ရဲ့နောက်လိုက်နဲ့ မိသားစုတွေဖြစ်တဲ့ Nightwing၊ Robin၊ Batgirl နဲ့ Red Hood တို့က Batman နေရာကိုဆက်ခံပြီး Gotham City ကိုကာကွယ်ကြမယ့်ပုံစံမျိုးနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဆြာဘတ်ပရိသတ်တွေကတော့ ဒီဂိမ်းမှာ Batman က တကယ်သေသွားတာလား၊ မသေဘူးလားဆိုတာကို အချင်းများပြီး Trailer ကိုကြည့်ပြီးတော့လည်း ကောလဟလတွေနဲ့ Fan theory တွေမျိုးစုံထွက်လာပါတယ်။ ဒါ့ကြောင့်မို့ Batman: Arkham Knights မှာကတည်းက Bruce Wayne ကတကယ်သေသွားတာလား၊ တစ်နေရာမှာ ပုန်းရှောင်နေတာလားဆိုတာကို အတည်ပြုဖို့အတွက် Gamespot ကနေ Batman ဂိမ်းကိုထုတ်ဝေသူဖြစ်တဲ့ Warner Bros ကိုသွားရောက်မေးမြန်းခဲ့ပါတယ်။

Warner Bros ရဲ့ Creative Director “Patrick Redding” နဲ့ Senior Producer “Fleur Marty” တို့က Gamespot ကမေးသမျှကို ဖြေကြားပေးခဲ့ပါတယ်။

Gamespot : “ကဲ ဒါဆိုရင် Batman အကြောင်းပြောကြရအောင်ဗျာ။ Bruce Wayne/Batman က သေသွားပြီ။ အဲ့တော့ ဒီသေသွားတာက တကယ်ကြီးကို လုံးဝ (လုံးဝ) သေသွားတာမျိုးလား၊ ပုန်းလျှိုးကွယ်လျှိုးပုန်းနေဖို့အတွက် သေသွားတာလား၊ Lazarus Pit ကနေပြန်ထလာမှာမျိုးသေသွားတာလား? ဘယ်လိုသေခြင်းမျိုးနဲ့ သေသွားတာတုန်းဗျ”
Redding: “လုံးဝ (လုံးဝ) ကိုသေသွားတာပါ”
Gamespot : “လုံးဝ ကိုသေသွားတာလား?”
Redding: “သေသွားပြီဗျ။ ဂိမ်း စ ကတည်းကကို သေနေတာပါ။”
Gamespot: “ဒါဆို ကျွန်တော်တို့က Bruce Wayne/Batman ဒီဂိမ်းထဲမှာ လုံးဝမပါတော့ဘူးလို့ ပြောလို့ရတယ်ပေ့ါ”
Redding: “ဆော့လို့ရမှာမဟုတ်ဘူး”
Marty: “အင်း။ မရဘူး။ ဆော့လို့ရမယ့် Characters တွေက Batgirl၊ Robin၊ Red Hood နဲ့ Nightwing တို့ပါပဲ။”
Gamespot : “ဘာလို့လဲဆိုတော့ လက်ရှိပြောနေကြတဲ့ Theory ကကျ လက်ရှိသူက Court of Owls ထဲမှာ ပုန်းနေတယ်ဆိုတော့လေ”
Marty : “မဟုတ်ပါဘူး။ ကျွန်တော်တို့ Theory တွေအားလုံးကိုမြင်ပါတယ်။ ဒါပေမယ့်သူက သေကိုသေနေတာပါ။”

လို့ပြောကြားခဲ့ပါတယ်။

ကဲ ဒီတော့ ကျွန်တော်တို့ Bruce Wayne ပရိသတ်တွေအတွက်ကတော့ စိတ်မကောင်းစရာပါပဲ။ အသစ်ထွက်ရှိလာမယ့် Batman ဂိမ်းသစ်မှာ Batman ကြီးပါလာမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Arkham Knights ကဂိမ်းကောင်းတစ်ခု ဖြစ်မလာနိုင်ဘူးလို့ တပ်အပ်မပြောနိုင်သေးပါဘူး။ Story လည်းမသိရသေးတဲ့အပြင် ဘယ်လိုတွေဂိမ်းမှာ Setting သေချာချထားတယ်ဆိုတာလည်း ဘာမှမပြောနိုင်သေးလို့ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ကြပါဦးလို့။

Reference: Gamespot

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ