Grand Royal Special Reserve Whisky ၏ Reserved For The Special Campaign အတွက် မြန်မာ့ဂုဏ်ဆောင်ကြယ်ပွင့်များဖြစ်သော နိုင်းနိုင်း၊ ထူးအောင် နှင့် ကျော်မင်းဦးတို့အား သံတမန်များအဖြစ်ခန့်အပ်

Grand Royal Special Reserve Whisky ၏ Reserved For The Special Campaign အတွက် မြန်မာ့ဂုဏ်ဆောင်ကြယ်ပွင့်များဖြစ်သော နိုင်းနိုင်း၊ ထူးအောင် နှင့် ကျော်မင်းဦးတို့အား သံတမန်များအဖြစ်ခန့်အပ်

နိုင်ငံတကာအသိအမှတ်ပြု ဆုတံဆိပ်များစွာ ရရှိထားသော မြန်မာ့အကောင်းဆုံးဝီစကီ အမှတ်တံဆိပ် Grand Royal Special Reserve Whisky က ၎င်း၏ Reserved For The Special Campaign အတွက် သံတမန်များအဖြစ် သရုပ်ဆောင် နိုင်းနိုင်း၊ မော်ဒယ်လ်နှင့်သရုပ်ဆောင် ထူးအောင်၊ ဘောလုံးအားကစားသမား ကျော်မင်းဦးတို့နှင့် သဘောတူလက်မှတ်ရေးထိုးကာ ခန့်အပ်ခဲ့သည်။ Reserved For The Special Campaign သည် Grand Royal Special Reserve Whisky ၏ မတူညီသော ဂုဏ်သတ္တိများဖြစ်ကြသည့် အလွှာတိုင်းတွင် ဟန်ချက်ညီသောအရသာ၊ သက်ဝင်နွေးထွေးသောအဆုံးသတ် နှင့် နှစ်လိုဖွယ်ရနံ့ ဟူသည့် ဂုဏ်သတ္တိများကို  ထင်ဟပ်အောင်ပုံဖော်ပေးမည့် campaign ဖြစ်သည်။ အဆိုပါ သံတမန်ခန့်အပ်ခြင်း လက်မှတ်ရေးထိုးပွဲကို အွန်လိုင်းအခမ်းအနားအသွင်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်းနိုင်း၊ ထူးအောင် နှင့် ကျော်မင်းဦးတို့က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြကာ Grand Royal Special Reserve Whisky Facebook စာမျက်နှာနှင့် Myanmar Celebrity Facebook စာမျက်နှာတို့မှတဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့ပါသည်။

Grand Royal Special Reserve Whisky သည် ကောင်းမွန်ပြည့်ဝသော အရည်အသွေးအတွက် နိုင်ငံတကာမှ ဆုတံဆိပ်ပေါင်း ၃၂ ဆုကျော် ရရှိထားပြီး ဖြစ်သည်။ တစ်မူထူးခြားသော အနံ့အရသာ နှင့် အထိအတွေ့တို့သည် ကျွမ်းကျင်ပြောင်မြောက်စွာ အနုစိတ်ဖန်တီးထားသော မြန်မာ့အကောင်းဆုံးဝီစကီ၏ ဂုဏ်ယူဖွယ်ရာ ပြယုဂ်တစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတကာ ဝီစကီဈေးကွက်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေသော Grand Royal Special Reserve Whisky သည် ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ကို ပုံရိပ်ထင်ဟပ်စေသော ပုဂ္ဂိုလ်များနှင့်လည်း လက်တွဲကာ အစဉ်အမြဲ ဆောင်ရွက်လျက်ရှိသည်။

Reserved for The Special Campaign အတွက် သံတမန်များခန့်ထားခြင်းနဲ့ ပတ်သက်၍ Grand Royal Group International Company Limited ၏ CEO ဖြစ်သူ Mr. Rahul Colaco က "Grand Royal Special Reserve Whisky ဟာ Grand Royal ဝီစကီထုတ်ကုန်များထဲက အကောင်းဆုံး ထုတ်ကုန်တစ်ခုဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု ဆုတံဆိပ်များစွာကိုလည်း ရရှိထားပါတယ်။ အလွှာတိုင်းမှာ ဟန်ချက်ညီတဲ့ အရသာ၊ သက်ဝင်နွေးထွေးတဲ့ အဆုံးသတ်နဲ့ နှစ်လိုဖွယ် ရနံ့ စတဲ့ မတူညီတဲ့ ဂုဏ်သတ္တိသုံးခုဟာ ဒီနေ့မိတ်ဆက်လိုက်တဲ့ သံတမန်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ထူးအောင် နဲ့ ကျော်မင်းဦးတို့ရဲ့ တစ်မူထူးခြားတဲ့ ပုံရိပ်တွေနဲ့အတူ စည်းချက်ညီညီ ထင်ဟပ်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့  Reserved For The Special Campaign ကနေ သူတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အောင်မြင်မှုတွေကို စံနမူနာအဖြစ် ရယူစေလိုပါတယ်။ သူတို့ရဲ့ တစ်မူထူးခြားနေတဲ့ ပင်ကိုယ်စရိုက်တွေနဲ့ သူတို့ ကိုယ်စားပြုမယ့် မတူညီတဲ့ ဂုဏ်သတ္တိ သုံးမျိုးတို့ဟာ ထူးခြားစွာ ထပ်တူကျနေမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။



မတူညီသည့် ဇာတ်ကောင်အမြောက်အမြားအား ပုံဖော်ရာတွင် ဟန်ချက်ညီစွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်များက အခိုင်အမာလက်ခံထားသော သရုပ်ဆောင်တစ်ဦးဖြစ်သည့် နိုင်းနိုင်းသည် ဤ Reserved For The Special Campaign တွင် Grand Royal Special Reserve Whisky ၏ အလွှာတိုင်းတွင် ဟန်ချက်ညီသောအရသာကို ကိုယ်စားပြုသွားမည် ဖြစ်သည်။ "အခုလို Grand Royal Special Reserve Whisky ရဲ့ Reserved For The Special Campaign မှာ ပါဝင်ရလို့ ဝမ်းမြောက်မိပါတယ်။ ကျွန်တော့်အနေနဲ့ လုပ်နေတဲ့ သရုပ်ဆောင်အလုပ်ရဲ့ သဘာဝအရ မတူညီတဲ့ဇာတ်ကောင်တွေ အများကြီးကို ပုံဖော်ရတာဖြစ်တာမို့ ဟန်ချက်ညီညီနဲ့ သရုပ်ဆောင်နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒါတွေဟာ Grand Royal Special Reserve Whisky ရဲ့ အလွှာတိုင်းမှာဟန်ချက်ညီတဲ့အရသာနဲ့ ထပ်တူကျနေတာကြောင့် ဒီလက္ခဏာကို ကိုယ်စားပြုရခြင်းပဲဖြစ်ပါတယ်“ ဟု နိုင်းနိုင်းက ပြောကြားခဲ့သည်။



Grand Royal Special Reserve Whisky ၏ နှစ်လိုဖွယ်ရနံ့ကို ကိုယ်စားပြုမည့် ဘောလုံးအားကစားသမားတစ်ဦးဖြစ်သည့် ကျော်မင်းဦးသည်လည်း သူ၏ မဆုတ်မနစ်ကြိုးစားမှုနဲ့အတူ 2015 FIFA U-20 World Cup ခြေစစ်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရရှိခဲ့သူ ဖြစ်ပါသည်။ Campaign သံတမန်အဖြစ် ခန့်အပ်ခံရခြင်းနှင့် စပ်လျဉ်းပြီး ကျော်မင်းဦးက “ကျွန်တော်က ဘောလုံးအားကစားသမား တစ်ယောက်ဖြစ်တဲ့အလျောက် ကွင်းထဲရောက်သွားရင် ပြိုင်ဘက်က ဘယ်လောက်ပဲ တော်နေပါစေ ကျွန်တော့်အသင်းအတွက် ဂိုးသွင်းနိုင်အောင် ကျွန်တော်အကောင်းဆုံး ကြိုးစားရပါတယ်။ ပြိုင်ဘက်ဘယ်လောက်တော်တော် ကိုယ်အကောင်းဆုံးလုပ်ရင် အနိုင်ရနိုင်တယ်ဆိုတဲ့ စိတ်ကိုထားပါတယ်။ ဒါကြောင့် အားကစားစိတ်ဓာတ်ရဲ့ အငွေ့အသက်တစ်ခုထဲတင်မကပဲ အကောင်းဘက်ကတွေးတဲ့ အလေ့အထလေးတွေက Grand Royal Special Reserve Whisky ရဲ့ နှစ်လိုဖွယ်ရနံ့ကို အကောင်းဆုံး ထင်ဟပ်စေမယ်လို့ ယုံကြည်ပါတယ်“ ဟု မှတ်ချက်ပြုခဲ့သည်။



စွန့်ဦးတီထွင်ခြင်းများနှင့်အတူ ဟန်ချက်ညီညီအောင်မြင်နေသည့် မော်ဒယ်နှင့် သရုပ်ဆောင် ထူးအောင်ကမူ Grand Royal Special Reserve Whisky ၏ သက်ဝင်နွေးထွေးသော အဆုံးသတ်ကို ကိုယ်စားပြုသွားမည်ဖြစ်သည်။ အရာရာကို စွမ်းအားအပြည့်နှင့် ရင်ဆိုင်ကျော်လွှားတတ်သော ထူးအောင်၏ ပင်ကိုယ်စရိုက်သည် ၎င်းကိုယ်စားပြုမည့် ဂုဏ်သတ္တိနှင့် ဟန်ချက်ညီလျက်ရှိသည်။ “ကျွန်တော့်ရဲ့ စိတ်စွမ်းအင်နဲ့ ကိုယ်အကောင်းဆုံးကြိုးစားနေတယ်ဆိုတဲ့အသိက ကျွန်တော့်ကို ထိုင်းမှိုင်းနေတာမျိုးမဖြစ်ပဲ အမြဲသွက်သွက်လက်လက်နဲ့ လန်းဆန်းစေပါတယ်။ စိတ်ကလန်းဆန်းနေတော့ ဘယ်လိုအခက်အခဲတွေရှိလာပါစ ကျွန်တော် အရမ်းမတုန်လှုပ်တော့ပါဘူး၊ ကိုယ်အကောင်းဆုံး ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိလာတယ်။ ကျွန်တော့်ဘေးမှာ ရှိတဲ့သူတွေက ပေးတဲ့နွေးထွေးမှု၊ အားပေးမှုတွေကိုလည်း ကျွန်တော် အသိအမှတ်ပြုကျေးဇူးတင်ပါတယ်။ ဒါကြောင့် Grand Royal Special Reserve Whisky ရဲ့ သက်ဝင်နွေးထွေးတဲ့ အဆုံးသတ်က ကျွန်တော်နဲ့ကိုက်ညီမယ်လို့ ယုံကြည်တာကြောင့် ဒီဂုဏ်သတ္တိကို ကိုယ်စားပြုရခြင်းပဲ ဖြစ်ပါတယ်” ဟု ထူးအောင်က ပြောကြားခဲ့သည်။



နိုင်ငံတကာ ဆုတံဆိပ်များစွာ ရရှိထားသော Grand Royal Special Reserve Whisky သည် မြန်မာနိုင်ငံတွင် ဂုဏ်ယူစွာဖြင့် ထုတ်လုပ်ထားပြီး ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာကြီးစွာ ရပ်တည်နေသော ဝီစကီအမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ အမေရိကန် ဝက်သစ်ချစည်ထဲတွင် စကော့တစ်ရှ် မုယော ၁၆ မျိုးနှင့်အတူ အထူးရွေးချယ်ထားသော မြန်မာနိုင်ငံ နှင့် စကော်တလန်နိုင်ငံမှ မုယောစပါးတို့အား အချိုးညီညီ ထုတ်လုပ်ထားသည့် အရည်အသွေးမြင့် Grand Royal Special Reserve Whisky က Reserved For The Special Campaign အား ဂုဏ်ယူစွာဖြင့် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ