ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းခေါင်းဆောင်နောက်ခံလူ ဂူဟီနဲ့ တိုက်စစ်ကစားသမားအီဇီတို့ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဂူဟီနဲ့ အီဇီတို့ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောက်ရှိလာပြီးကတည်းက အ‌ဓိက ကစားသမားတွေအဖြစ် ခြေစွမ်းပြသနေတာပါ။

အီဇီဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ(၉)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု(၁၁)ကြိမ်ပြုလုပ်ထားကာ ဂူဟီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်း(၁၀)ပွဲပေးဂိုးမပေးရအောင် ခံစစ်ကို ဦးဆောင်ထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရာသီအစအထနှေးခဲ့ပေမယ့် အခုအချိန်မှာ အကောင်းဆုံးပုံစံရရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၂)နဲ့ FA ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိနေတာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ခြေစွမ်းပြသနေတဲ့ ဂူဟီနဲ့ အီဇီအတွက် ကမ်းလှမ်းမှုအများအပြားကို ရရှိထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီက နယူးကာဆယ်အသင်းဟာ အီဇီကိုခေါ်ယူဖို့ ပေါင်(၆၅)သန်းကျော်နဲ့ (၄)ကြိမ်အထိ ကမ်းလှမ်းမှုပြုလုပ်တာကို ခရစ္စတယ်ပဲလေ့စ်အသင်းက ပယ်ချခဲ့တာပါ။

ဒါ့အပြင် ဂူဟီကို ခေါ်ယူဖို့ ဇန်နဝါရီက စပါးအသင်းရဲ့နောက်ကျကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။ အခုအချိန်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက ဂူဟီနဲ့ အီဇီကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို The Sun က ဖော်ပြခဲ့တာပါ။

ဂလက်စ်နာဟာ သူတို့နှစ်ဦးကိုရောင်းချလို့ရတဲ့ ပြောင်း‌ရွှေ့ကြေးတွေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းလူစာရင်းကို အားဖြည့်မှုတွေပြုလုပ်ချင်နေတာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း(၁၂)လသာကျန်ရှိတော့တဲ့ ဂူဟီကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ စပါးအသင်းတို့က စောင့်ကြည့်မှုတွေပြုလုပ်နေကြတာပါ။ အီဇီရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ဇွန်အထိရှိပြီး စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း(၆၀)ရှိတယ်လို့ သိရပါတယ်။

စပါးနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ အီဇီကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ ဂူဟီနဲ့ အီဇီတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါဝင်ကစားချင်နေတာကြောင့် ရာသီကုန်မှာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချဖွယ်ရှိနေတာဖြစ်ပါတယ်။

Read more

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)နဲ့အထက်ရတဲ့အသင်းတွေအရင်က ရှိခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက (၁၀၅)မှတ်အထိရယူကာစံချိန်တင်ခဲ့ပြီး ဒီစံချိန်ကို ၂၀၀၆ ခု

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ကို ကိုယ်စားပြုတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်နေတာအတော်ကြာခဲ့ပါပြီ။ လာမယ့

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ ဂျော့ခ်ျဂျီးဆပ်စ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အယ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါ) (3 May 2025/ 8:00 pm) ဒီပွဲက ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွ