ဟွိင်လန်းက အကယ်ဒမီကနေ မန်ယူနိုက်တက်အသင်းကြီးအတွက် လာကစားသလိုပဲလို့ ရွိုင်ကိန်းထိုးနှက်

ချယ်လ်ဆီးအသင်းက မန်ယူနိုက်တက်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဟွိုင်လန်းဟာ အကယ်ဒမီကနေ အသင်းကြီးအတွက်လာရောက်ကစားသလိုပဲလို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက ထိုးနှက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့(၂)နှစ်က အတ္တလန်တာအသင်းကနေ ပေါင်(၇၂}သန်းရောက်ရှိလာခဲ့တဲ့ ဟွိုင်လန်းဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်(၃၁)ပွဲမှာ (၄)ဂိုးသာသွင်းယူထားတာဖြစ်ပါတယ်။ ဟွိုင်လန်းဟာ ကစားပုံတည်ဆောက်ဖို့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် မကြာခဏဆိုသလို ဝေဖန်ခြင်းခံနေရပြီး ချယ်လ်ဆီးအသင်းနဲ့ပွဲအပြီးမှာလည်း ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ရရှိခဲ့တာပါ။

ရွိုင်ကိန်းက "မန်ယူနိုက်တက်အသင်းမှာ တိုက်စစစ်မှူးမရှိပါဘူး။ ဟွိုင်လန်းဟာ ဒီပွဲမှာ ချယ်လ်ဆီးအသင်းက လူငယ်ဂျော့ခ်ျနဲ့တူပါတယ်။ သူ့ကိုကြည့်ရတာ အကယ်ဒမီကနေ လာသလိုပါပဲ။ သူ့ရဲ့အပြေး၊အချိန်ကိုက်ရောက်ရှိမှုနဲ့ ဘောလုံးလက်ခံပုံတွေက မမှန်ကန်ပါဘူး။ ဟွိုင်လန်းအနေနဲ့ ပံ့ပိုးမှုလိုပေမယ့် အနည်းငယ်ပိုပြီးကောင်းအောင်လုပ်ရမယ်"လို့ Sky Sports မှာဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဇက်ခ်ဇီဟာ ဒဏ်ရာကြောင့် ဒီရာသီမှာ အသင်းအတွက် ပြန်ပါဝင်ကစားပေးဖို့ မရှိတော့ပါဘူး။ မန်ယူနိုက်တက်အသင်းဟာ ရုန်းကန်နေရတဲ့ တိုက်စစ်အတွက် လာမယ့်နွေရာသီမှာ အားဖြည့်ဖို့ လုပ်ဆောင်နေပြီး ဝုလ်ဗ်စ်အသင်းက ကွန်ညာနဲ့ အစ်ဝှစ်ခ်ျအသင်းက ဒီလပ်တို့ဟာ သူတို့ရဲ့တိုက်စစ်မှူးပစ်မှတ်စာရင်းထဲမှာ ရှိနေတာဖြစ်ပါတယ်။