ဟွိုင်လန်းကို အလိုက်ပေးကာ အတ္တလန်တာထံပြန်ပို့ပြီး လွတ်ခ်မန်းကိုခေါ်ယူဖို့ မန်ယူနိုက်တက်စိတ်ဝင်စားနေ

ဟွိုင်လန်းကို အလိုက်ပေးကာ အတ္တလန်တာထံပြန်ပို့ပြီး လွတ်ခ်မန်းကိုခေါ်ယူဖို့ မန်ယူနိုက်တက်စိတ်ဝင်စားနေ

မန်ယူနိုက်တက်အသင်းဟာ အသင်းမှာသွင်းဂိုးတွေရရှိဖို့ရုန်းကန်နေရတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကို သူ့ရဲ့အသင်းဟောင်း အတ္တလန်တာအသင်းထံ ပြန်ပို့ကာ အတ္တလန်တာအသင်းကနေ နိုင်ဂျီးရီးယားတိုက်စစ်မှူးလွတ်ခ်မန်းကို အလိုက်ပေးခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အတ္တလန်တာအသင်းကနေ ပေါင်(၇၂)သန်းနဲ့ ပြောင်းလာခဲ့တဲ့ ဟွိုင်လန်းဟာ မန်ယူနိုက်တက်အသင်းကစားသမားဘဝ ဒုတိယမြောက်ရာသီမှာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဟွိုင်လန်းဟာ မန်ယူနိုက်တက်အသင်းအတွက် ကစားထားတဲ့ ဒီရာသီပရီးမီးယားလိဂ်(၂၈)ပွဲမှာ (၃)ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဟွိုင်လန်းဟာ မန်ယူနိုက်တက်အသင်းက ဝုလ်ဗ်စ်အသင်းကို (၀-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ပြသခဲ့တာကြောင့် ပွဲချိန်မိနစ်(၇၀)မှာ လူစားလဲခံခဲ့ရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဟွိုင်လန်းကို အတ္တလန်တာအသင်းထံပြန်ပို့ကာ အတ္တလန်တာအသင်းထံက လွတ်ခ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။ လွတ်ခ်မန်းဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်၊ လက်စတာနဲ့ ဖူလ်ဟမ်အသင်းတွေမှာ ကစားခဲ့ဖူးပြီး အတ္တလန်တာအသင်းမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာပါ။

လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လေဗာကူဆင်အသင်းဘက်ကို ဟက်ထရစ်သွင်းပြီး အတ္တလန်တာအသင်းကို ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ရာသီကပြခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လွတ်ခ်မန်းဟာ အတ္တလန်တာအသင်းနည်းပြဂတ်စ်ပါရီနိုနဲ့ လူသိရှင်ကြားသဘောထားကွဲလွဲမှုတွေကြောင့် ‌လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းက ထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ အသင်းဖော်ညာနောက်လူ အာနိုးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာ